October 7, 2024

၉. ၁၁. ၂၀၂၃
Written by Pan Ei

နိုင်ငံတကာမှာ လူကြိုက်များပြီး ကိုဗစ်ကပ်ရောဂါကာလအတွင်း ကလေးတွေနဲ့ လူငယ်တွေအကြားမှာ ရေပန်းစားလာခဲ့တဲ့ သူစိမ်းတွေကို ဗီဒီယိုနဲ့တိုက်ရိုက်စကားပြောနိုင်တဲ့ ဝက်ဘ်ဆိုတ် Omegle ဟာ ၁၄ နှစ်အကြာမှာ အပြီးတိုင်ပိတ်သွားခဲ့ပြီပဲဖြစ်ပါတယ်။

တည်ထောင်သူ Leif K Brooks က ဒီဝက်ဘ်ဆိုတ်ကို ငွေကြေးအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ရေရှည်လည်ပတ်ဖို့ အဆင်မပြေတော့လို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး Omegle သုံးစွဲသူတွေကြားမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုခံရတာတွေရှိခဲ့တယ်လို့ တိုင်ကြားခံရပြီးနောက် ကမ္ဘာတဝှမ်းက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေဆီကနေ တိုးမြှင့်စိစစ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ခုလို ဆုံးဖြတ်ချက်မျိုး ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

ဗြိတိန်၊ အမေရိကန်နဲ့ ဩစတြေးလျ နိုင်ငံတွေမှာ Omegle နဲ့ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူတွေ ပါ၀င်တဲ့ အမှုပေါင်း ၅၀ ကျော် ရှိခဲ့ပြီး ပလက်ဖောင်းပေါ်မှာ မသင့်လျော်တဲ့ အပြုအမူတွေကြား လူငယ်တွေ ပါဝင်ပတ်သက်နေမှာကို စိုးရိမ်တာကြောင့် TikTok ကလည်း Omegle လင့်ခ်တွေမျှဝေခြင်းကို ပိတ်ပင်ထားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-09_15-20-44.jpg

အင်တာနက်စောင့်ကြည့်ရေးဖောင်ဒေးရှင်းရဲ့စစ်တမ်းအရ ကပ်ရောဂါကာလအတွင်း လူငယ်တွေ Omegle ကို အသုံးပြုလာတဲ့ ပမာဏဟာ သိသိသာသာတိုးမြင့်လာတာကိုတွေ့ရပြီး လော့ခ်ဒေါင်းတွေ မပြုလုပ်ခင်က ၅၀၀၀ လောက်ပဲရှိခဲ့ပေမဲ့ ၂၀၂၂ မှာတော့ ၆၃၀၀၀ အထိရှိခဲ့တယ်လို့ အစီရင်ခံစာက ထပ်လောင်းဖော်ပြထားပါနယ်။

တချို့သော သီချင်းဆိုဝါသနာရှင်တွေ သူတို့ ပါရမီတွေကို ထုတ်ဖော်ပြသတာတွေအတွက်လည်း နာမည်ကြီးတဲ့ Omegle ကို ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်မှာ အသက် ၁၈ နှစ်အရွယ် Leif K-Brooks က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး Omegle ပိတ်လိုက်တဲ့အတွက် ဝမ်းနည်းနေကြတဲ့ သုံးစွဲသူတွေရော ဝမ်းသာသူတွေရော ရှိနေပါတယ်။

Ref; Financialexpress

Leave a Reply

Your email address will not be published. Required fields are marked *