October 6, 2024

၉. ၁၁. ၂၀၂၃
Written by Nay Aung

မလေးရှားနိုင်ငံ Perhentian ကျွန်းရှိ အပန်းဖြေအဆောက်အဦတစ်ခု နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ပြိုကျပျက်စီးသွားခဲ့ရာ မြန်မာနိုင်ငံသား ၄ ဦး အသက်ရှင်လျက်သား အပျက်အစီးများကြား ပိတ်မိနေရာ သေဆုံးသွားမည်ကို စိုးရိမ်နေကြောင်း မလေးရှားအာဏာပိုင်များက ထုတ်ဖော်ပြောဆိုလိုက်သည်။

မလေးရှားနိုင်ငံ Pulau Perhentian အမည်ရှိ ဆောက်လုပ်စအပန်းဖြေအဆောက်အဦသည် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ပြိုကျသွားခဲ့ရာ မြန်မာနိုင်ငံသား ၄ ဦးဒဏ်ရာရသွားခဲ့ပြီး အခြားမြန်မာနိုင်ငံသား ၄ ဦးက အပျက်အစီးများကြားထဲ ပိတ်မိနေဆဲဖြစ်ကြောင်း မလေးရှားTerengganu ပြည်နယ်မီးသတ်နှင့် ကယ်ဆယ်ရေးဌာန လက်ထောက်တာဝန်ခံ Muhammad Basri Kamarazaman က ပြောသည်။

၎င်းက “အဆောက်အဦပြိုကျတဲ့သတင်းကို နိုဝင်ဘာ ၉ ရက် မနက်ပိုင်းမှာ လက်ခံရရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေကို ချက်ချင်းစေလွှတ်ခဲ့တယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးအပိုင်းအစများကြား ပိတ်မိနေဆဲဖြစ်သူတွေကို ရှာဖွေနေတယ်။ မြန်မာနိုင်ငံသား ၄ ဦးဟာ အပျက်အစီးအပိုင်းအစများကြား ပိတ်မိနေခဲ့တာဖြစ်တယ်”ဟု ပြောသည်။

မလေးရှားမီးသတ်နှင့်ကယ်ဆယ်ရေးဌာနအဖွဲ့ဝင်များသည် ပိတ်မိနေသူများကို ပြန်လည်ကယ်တင်နိုင်ရန်အတွက် လေကြောင်းအကူအညီများအပြင် အနံခံခွေးများကို အသုံးပြုရှာဖွေနေကြောင်း Kamarazaman ကပြောသည်။ မလေးရှားမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့များသည် ဒဏ်ရာရခဲ့သော အခြားမြန်မာနိုင်ငံသား ၄ ဦးကို ဆေးရုံ ချက်ချင်းပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုများဆက်လက်ခံယူရန် ကူညီပေးထားကြောင်း သိရသည်။

Ref; .malaymail

Leave a Reply

Your email address will not be published. Required fields are marked *