October 6, 2024

၉. ၁၁. ၂၀၂၃
Written by Pan Ei

ကမ္ဘာ့ထိပ်တန်း MMA အဖွဲ့အစည်းဖြစ်တဲ့ UFC မှာ ထိုးသတ်ခွင့်ရတဲ့ ပထမဆုံး မြန်မာပြည်ဖွားဖိုက်တာအဖြစ် သမိုင်းဝင်မှတ်တမ်းသစ်ကို ရေးထိုးခဲ့တဲ့ ဂျိုရှုအာဗန်ဟာ သူ့ရဲ့ ဒုတိယမြောက် UFC ပွဲစဉ်အဖြစ် UFC 295 ပြိုင်ပွဲမှာ ပီရူးဖိုက်တာ ကီဗင်ဘိုးဟို့စ်နဲ့ လာမယ့် နိုဝင်ဘာ ၁၁ ရက်မှာ ရင်ဆိုင်ထိုးသတ်တော့မှာပဲ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် လူငယ်ဖိုက်တာ ဂျိုရှုအာဗန်ဟာ ၂၀၂၁ ခုနှစ်က MMA ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်လာခဲ့ပြီး ပွဲတွေမှာ အတွေ့အကြုံနုနယ်သေးပေမဲ့ ၈ ပွဲနိုင် ၁ ရှုံးရလဒ်နဲ့အတူ ကောင်းမွန်တဲ့ ထိုးကွက်၊ ချုပ်ကွက်တွေကြောင့် ရလဒ်ကောင်းပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်သလို သူနဲ့ ယှဉ်ပြိုင်မယ့် အသက် ၂၅ နှစ်အရွယ် ပီရူးဖိုက်တာ ကီဗင်ဘိုးဟို့စ်ကလည်း ၂၀၁၈ ခုနှစ်ကတည်းက MMA ပရော်ဖက်ရှင်နယ် ဖိုက်တာအဖြစ် ရပ်တည်လာခဲ့ခြင်းဖြစ်ကာ ကိုးပွဲနိုင် တစ်ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားတဲ့ မခေတဲ့ ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-09_13-05-21-1024x683.jpg

အလားအလာမြင့်တဲ့ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ Fury Fc ရဲ့ ဖလိုင်းဝိတ်ချန်ပီယံတစ်ဦးလည်းဖြစ်ခဲ့ပြီး UFC နဲ့ လက်တွဲပြီးနောက် ပထမဆုံးထိုးသတ်ခဲ့တဲ့ ကာဇက်စတန် နိုင်ငံသား Zhalgas Zhumagulov နဲ့ ပွဲမှာ ဒိုင်အဆုံးအဖြတ်အမှတ်နဲ့အတူ ဂျိုရှုအာဗန်က ပထမဆုံးပွဲမှာ ထိုက်တန်စွာ အနိုင်ရရှိခဲ့တာပါ။

ဒါ့အပြင် UFC ပထမပွဲမှာ တခြား ဖိုက်တာနေရာကို ဂျိုရှုအာဗန်က အစားထိုးဝင်ရောက် ထိုးသတ်ခဲ့ရတာကြောင့် ပြင်ဆင်ချိန် သိပ်မရခဲ့ပေမဲ့ အနိုင်ပွဲကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပြီး အခုပွဲမှာတော့ ပြင်ဆင်ချိန် ကောင်းမွန်စွာ ရရှိခဲ့တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝမြင်တွေ့ရဖို့ရှိနေပါတယ်။

ဒါတင်မကသေးဘဲ UFC ကစားသမားတွေအနေနဲ့ နိုင်ငံကိုယ်စားပြု အလံကိုင်ဆောင်ခြင်းကို UFC တာဝန်ရှိသူတွေက ပြန်လည်ခွင့်ပြုလိုက်တာကြောင့် မြန်မာပရိသတ်တွေ အစောင့်စားနေကြဆုံးဖြစ်တဲ့ UFC ပွဲစဉ်တွေမှာ မြန်မာအလံကို ပထမဆုံးအနေနဲ့ မြင်တွေ့ရဖို့ကလည်း နီးစပ်နေပြီပဲ ဖြစ်ပါတယ်။

Ref; Docsports

Leave a Reply

Your email address will not be published. Required fields are marked *