၁၉. ၁၁. ၂၀၂၂
Written by Thettant
သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်မှတ်တိုင်အနီးရှိ ဧရာဝတီဘဏ်အနားတွင် ယနေ့နံနက်က ဗုံးထောင်မှုဖြစ်ပွားခဲ့သဖြင့် လက်ရှိအချိန်တွင် တာဝန်ရှိသူများက လမ်းပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံပြည်သူများက ပြောသည်။
ဖြစ်စဥ်မှာ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမ ဘဝမြင့်မှတ်တိုင်အနီး လေးထောင်ကန် (၅) လမ်းပေါ်ရှိ ဧရာဝတီဘဏ်နှင့် G&G စတိုးဆိုင်အကြားတွင် ဗုံးတွေ့ရှိသဖြင့် တာဝန်ရှိသူများရောက်ရှိလာကာ ဗုံးများထပ်မံထောင်ထားမှု ရှိ မရှိနှင့် ရှင်းလင်းနိုင်ရေး ကြိုးပမ်းကာ တွေ့ရှိသောဗုံးအား ဖောက်ခွဲခဲ့ရကြောင်း သိရသည်။
“မနက်အစောကြီး ဧရာဝတီဘဏ်နဲ့ G&G အနားမှာတွေ့တာ။ ၈ နာရီလောက် တာဝန်ရှိသူတွေရောက်လာပြီး လမ်းတွေပိတ်ဆို့ စစ်ဆေးတာတွေ့ရတယ်။ ၈ နာရီ ၄၅ မိနစ် ေလာက်ကျတော့ ဖောက်ခွဲပစ်လိုက်တာ တွေ့ရတယ်။ ဘယ်သူမှတော့ အထိအခိုက်မရှိဘူး။ အသံကတော့ တော်တော်ကျယ်တယ်။ အိမ်ပါ တုန်သွားတယ်” ဟု လေးထောင့်ကန် (၅) လမ်းအနီး နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။