October 6, 2024

၉.၁၁.၂၀၂၃.
translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒက်ကာ၏မြောက်ဘက် ၁၆ မိုင်အကွာရှိ ဂါဇီပူရ်စက်မှုမြို့တော်တွင် နိုဝင်ဘာ ၈ ရက်က အသင့်ဝတ်အထည်များထုတ်လုပ်သည့် အလုပ်သမားများက ၎င်းတို့၏ အနိမ့်ဆုံးလစာတိုးမြှင့်ရေးဆန္ဒပြပွဲ၌ ရဲတပ်ဖွဲ့နှင့်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့၍ အလုပ်သမတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နံနက် ၉ နာရီခွဲခန့်ကစတင်ခဲ့သော ဆန္ဒပြပွဲကို ဂါဇီပူရ် မြို့၏ နေရာအနှံ့အပြားပြုလုပ်ခဲ့ကြရာတွင် အလုပ် သမားများက ကားများကိုဖျက်ဆီးခြင်း၊ တာယာများကိုမီးရှို့ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ရဲတပ်ဖွဲ့က ဆန္ဒပြသမားတို့ကို မျက်ရည်ယိုဗုံးများပစ်ခြင်း၊ သေနတ်များနှင့်ပစ်ခတ်ခြင်းတို့ဖြင့် လူစုခွဲထိန်းသိမ်းခဲ့ကြသည်။

This image has an empty alt attribute; its file name is photo_2023-11-09_12-44-33.jpg

ဆန္ဒပြ အလုပ်သမားများဘက်က ဂါဇီပူရ်မြို့အတွင်း အကြမ်းဖက်ဆန္ဒပြမှုများကို ရဲအဖွဲ့က ပစ်ခတ်နှိမ်နင်းမှုများတွင် နှစ်ဖက်ပဋိပက္ခများဖြစ်ပွားခဲ့ရပြီး အသက် ၂၈ နှစ်ရှိ အန်ဂျူရာ ဘီဂမ် အမည်ရှိ သားသမီးနှစ်ဦးမိခင် အထည်ချုပ်စက်ရုံ အလုပ်သမတစ်ဦးမှာ နံနက်ပိုင်းတိုက်ခိုက်မှုများအတွင်း ကျည်ထိမှန်သေဆုံးခဲ့ရသည်။

အထည်ချုပ်စက်ရုံများမှ အလုပ်သမားများက ၎င်းတို့၏လစာကို အနည်းဆုံး တာကာငွေ ၂၃,၀၀၀ အထိ တိုးပေးရန် ဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ်သည်။ နိုဝင်ဘာ ၇ ရက်ကမူ အလုပ်ရှင်များက တာကာငွေ ၁၂,၅၀၀ အထိသာတိုးပေးရန် လိုက်လျောခဲ့ကြသဖြင့် ဆန္ဒပြမှုများက ပို၍အရှိန်မြင့်လာခဲ့ခြင်းလည်း ဖြစ်သည်။

Ref—–Daily Star

Leave a Reply

Your email address will not be published. Required fields are marked *