October 6, 2024

၉. ၁၁. ၂၀၂၃
Writing By Treasure

နိုဝင်ဘာလအတွင်းမှာ ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ပွဲစဉ်တွေအဖြစ် မြန်မာအသင်း၊ ဆီးရီးယားအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားဖို့အတွက် ဂျပန်အသင်းရဲ့ အပြီးသတ်လူစာရင်းကို နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ပွဲစဉ်တွေအတွက် ထုတ်ပြန်ခဲ့တဲ့ ဂျပန်အသင်းရဲ့ လူစာရင်းမှာ တိုယီရာစု၊ ရုတနာကာယမာ၊ ဝါတာယူးအန်ဒရို၊ တကူမီ မီနာမီနို၊ ဒချီကာမာတာ၊ ကူဘို၊ မီတိုမာ စတဲ့ ဥရောပကလပ်အသင်းတွေမှာ ကစားနေတဲ့ ကစားသမားအများပြားပါဝင်နေပြီး ဂျပန်လိဂ်ကလပ်အသင်းက ၄ ဦးသာ ပါဝင်လာပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-09_12-16-11-926x1024.jpg

လက်ရှိအချိန်မှာ ဂျပန်အသင်းကို ဂျပန်နိုင်ငံသား နည်းပြ ဟဂျေးမိ မိုရီယာဆုက ကိုင်တွယ်နေပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့အတွက် အင်္ဂလန် ပရီးမီးယားလိဂ်က ကစားသမား ၄ ဦး၊ ဘယ်လ်ဂျီယံလိဂ်က ကစားသမား ၃ ဦး၊ ဂျာမန်ဘွန်ဒက်လီဂါလိဂ်က ကစားသမား ၄ ဦး၊ ပြင်သစ်လိဂ်ဂူး၊ စကော့တလန်လိဂ်၊ နယ်သာလန်၊ ပေါ်တူဂီလိဂ်က ကစားသမား ၂ ဦးစီ၊ စပိန်လာလီဂါနဲ့ အီတလီစီးရီးအေတို့က ကစားသမား ၁ ဦးစီနဲ့ ဖွဲ့စည်းထားပြီး ဂျပန်ဂျေလိဂ်က ကစားသမား ၄ ဦးသာ ပါဝင်လာပါတယ်။

ဂျပန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ပွဲစဉ်တွေအဖြစ် လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့မှာ မြန်မာအသင်းနဲ့ အိမ်ကွင်းပွဲစဉ်ကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဆီးရီးယားအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *