October 6, 2024

၉. ၁၁. ၂၀၂၃
Written by Ye Kyaw

အထွက်နှုန်းကျဆင်းနေသည့် ကုန်တွင်းရေနံမြေများနှင့် အလားအလာကောင်းများရှိသော ရေနံမြေများတွင် ရုရှားကုမ္ပဏီများနှင့် ပူးပေါင်း၍ အထွက်နှုန်းတိုးမြှင့်နိုင်ရေး ဆောင်ရွက်နိုင်ရန် နိုဝင်ဘာ ၈ ရက်တွင် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ Mr. SHATIROV Alexander Sergeevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများ၊ ကုန်းတွင်းနှင့် ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် နည်းပညာဆိုင်ရာ အထောက်အပံ့ရရှိရေးနှင့် Digital Monitoring Software အသုံးပြုနိုင်ရေး၊ အထွက်နှုန်းကျဆင်းနေသည့် ကုန်းတွင်းရေနံမြေများနှင့် အလားအလာကောင်းများရှိသော ရေနံမြေများတွင် ရုရှားကုမ္ပဏီများနှင့်ပူးပေါင်း၍ အထွက်နှုန်းတိုးမြှင့်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့သည်။

ထို့ပြင် ကျောက်မီးသွေးသိုက်များအတွင်း ခိုအောင်းနေသည့် သဘာဝဓာတ်ငွေ့များအား တိုက်ရိုက်ထုတ်ယူခြင်း (Coal bed Methane)နှင့် စပ်လျဉ်း၍ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ကူညီပံ့ပိုးပေးနိုင်ရေး၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီပံ့ပိုးပေးနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *