October 5, 2024

၉. ၁၁. ၂၀၂၃
Written By Thandar

ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှုရရှိလာတဲ့ သရုပ်ဆောင် နေ့သစ်အေးအောင်ကတော့ မကြာခင် ထုတ်လွှင့်ပြသမယ့် “ပိုးဝင်္ကပါ” ဇာတ်လမ်းတွဲမှာ ကိုယ်ချစ်မိသူအတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရ အသက်ပေးချစ်မယ့်သူပုံစံမျိုး ပရိသတ်တွေ မြင်တွေ့ရမှာပါလို့ ဆိုပါတယ်။

“ကျွန်တော်က ဒီဇာတ်လမ်းတွဲမှာ ဇော်လေးဆိုတဲ့ အပျော်အပါးမက် လောင်းကစားကို ခုံမင်သူ ဂျစ်ကန်ကန်လူငယ်နေရာက သရုပ်ဆောင်ထားပါတယ်။ ခပ်ဆိုးဆိုး မိုက်ကန်းကန်းနဲ့ ဘယ်အလုပ်မဆို မဆင်မခြင် လုပ်တတ်သူ ပုံစံမျိုးဖြစ်အောင်လည်း အကောင်းဆုံး ကြိုးစားထားပါတယ်။ ဇော်လေးက ကိုယ်ချစ်မိသူအတွက်ဆိုရင်တော့ ဘာပဲလုပ်ရလုပ်ရ အသက်ပေးချစ်မယ့်သူပုံစံမျိုး ပရိသတ်တွေ မြင်တွေ့ရမှာပါ။ တစ်ကားနဲ့ တစ်ကား မတူအောင် ကျွန်တော် သရုပ်ဆောင်ထားပါတယ်”လို့ နေ့သစ်အေးအောင်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-09_10-55-45-1024x714.jpg

ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်း ၊ ဇာတ်ညွှန်း MSY ကရေးသားထားပြီး ဒါရိုက်တာပြည့်ဖြိုးနိုင်က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ချောရတနာ ၊ အိချောပို ၊ ချာလီ ၊ နေထွဋ် ၊ နေ့သစ်အေးအောင် ၊ အကယ်ဒမီ မင်းဦး ၊ မင်းသူ ၊ ဝမ်ဝမ်း ၊ အကယ်ဒမီခင်မို့မို့အေး ၊ စိုးသူအောင် ၊ ပန်းနုပြုံး ၊ ဟန်ဆက်လူ ၊ ပီယ ၊ မြတ်သူကို ၊ ဦးဝင်းမြိုင် စတဲ့သူတွေ ရိုက်ကူးပါတယ်။

“လက်ရှိ ရိုက်ကူးကားတွေ ရှိပေမယ့် ကိုယ့်ကိုယ်ကိုယ် အားသိပ်မရသေးဘူး။ ကာရိုက်တာတိုင်းနဲ့ စီးမျောနိုင်တဲ့သူဖြစ်ချင်ပါသေးတယ်။ ကျွန်တော့်အနေနဲ့ ဇာတ်ကားတွေကို အကောင်းဆုံးကြိုးစားနေပါတယ် ” လို့ သူကဆက်ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-09_10-55-55-576x1024.jpg

HEY Play ရဲ့ Original Series တစ်ခုဖြစ်တဲ့ “ပိုးဝင်္ကပါ” ဇာတ်လမ်းတွဲကို လာမယ့် နိုဝင်ဘာ ၁၄ ရက်နေ့က စတင်ပြီး အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တိုင်း HEY Play Application နဲ့ HEY Play YouTube Channel တို့မှာ ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် နေ့သစ်အေးအောင်ကတော့ ချိုခါးစိမ့်သက် အချစ်တစ်ခွက် ၊ ဝေး ၊ အိပ်မက်ထဲက အိပ်မက် Mistake ၊ တိုက်နံပါတ် ၁၇ စတဲ့ ဇာတ်လမ်းတွဲတွေကိုလည်း ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *