October 5, 2024

MT News
၉. ၁၁. ၂၀၂၃

မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးခြင်း၊ လောင်းကစားရုံများတည်ထောင်ခြင်း၊ အွန်လိုင်းငွေလိမ်လည်မှုများကျူးလွန်ခြင်းလုပ်ဆောင်နေသည့် MNDAA နှင့် TNLA ကို လက်တုံ့ ပြန်မည့်အပေါ် ထောက်ခံကြိုဆိုကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီက ယနေ့ ကြေညာလိုက်သည်။

နိုဝင်ဘာ ၈ ရက်တွင် ရှမ်းမြောက်ဒေသ၌ ဖြစ်ပေါ်ခဲ့သော အခြေနေအရပ်ရပ်နှင့်ပတ်သက်ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူကာ ရှေ့လုပ်ငန်း စဉ်များအတွက် အစီအမံများချမှတ်ခဲ့သည်ကို အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီမှ ကြားသိခဲ့ရသည်။

အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပြောကြားရာ၌ MMDA နှင့် TNLA အဖွဲ့တို့သည် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးခြင်း၊ လောင်းကစားရုံများတည်ထောင်ခြင်း၊ အွန်လိုင်းငွေလိမ်လည်မှုများကျူးလွန်ခြင်း၊ နယ်မြေအသာစီးရယူပြီး အုပ်ချုပ်ရေးအာဏာတည်ထောင်လိုခြင်းများ ကျူးလွန်နေသောကြောင့် လိုအပ်သည့် လက်တုံ့ပြန်မှုများဆောင်ရွက်သွားမည်ဆိုသည် အချက်အပေါ် အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီမှ ထောက်ခံကြိုဆိုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးချုပ်၏ တင်ပြချက်များအတိုင်း လက်တုံ့ပြန်မှုများပြုလုပ်သွားမည်ဆိုသည်အချက်အပေါ် ထောက်ခံကြိုဆိုခြင်းနှင့်အတူ လက်တွေ့မြေပြင်၌လည်း ထိရောက်သည် အရေးယူတုံ့​ပြန်မှုများဆောင်ရွက်နိုင်ရန် အေးချမ်းစွာနေလိုသည် ပြည်သူများမှလိုလားလျက်ရှိနေသောကြောင့် ပြစ်မှုကျူးလွန်သူမှန်သမျှကို အချိန်နှင့်တစ်ပြေးညီ ထိရောက်သည်အရေးယူမှုများ ဆောင်ရွက်နိုင်ရေး တိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ (NNDP) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

Leave a Reply

Your email address will not be published. Required fields are marked *