October 19, 2024

၈. ၁၁. ၂၀၂၃
Written by Naing Thuta

လမ်းလျှောက်လာသောအမျိုးသားတစ်ဦးကို ကားတစ်စီးက တိုက်ပြီးထွက်ပြေးသွားရာမှ လူသေဆုံးမှု မန္တလေးတွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်း(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၈ ရက်)နံနက် ၆ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ ၄၁ လမ်းပေါ်တွင် အသက် ၂၀ ကျော်အရွယ် အမည်မသိ အမျိုးသားတစ်ဦးကို ကားတစ်စီးမှ တိုက်ပြီး ထွက်ပြေးသွားခဲ့ကာ ၎င်းအမျိုးသားသည် လမ်းပေါ်မှာ မှောက်လျှက်အနေအထားဖြင့် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့သဖြင့် မဏီစလလူမှုကူညီရေးအသင်း(မန္တလေး) မော်တော်ယာဉ်ဖြင့် မန္တလေးဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-11-08_12-47-46-1024x768.jpg

“လမ်းပေါ်မှာ အသက် ၂၀ ကျော်ယောက်ျားလေးတစ်ယောက် မှောက်လျှက်သေဆုံးနေတယ်လို့ ပြည်သူတစ်ဦးဖုန်းဆက်ပြောလို့ သွားကြည့်ခဲ့တာ ကားနဲ့တိုက်ခံရပြီး သေဆုံးနေတဲ့ပုံစံတွေ့ရလို့ သက်ဆိုင်ရာကို ဆက်လက်အကြောင်းကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေစစ်ဆေးပြီးမှ ဆေးရုံကိုပို့ပေးခဲ့တာပါ။ အဲ့ဒီလူက ဘယ်ကဆိုတာတော့ မသိသေးဘူးဗျ”ဟု ကူညီဆောင်ရွက်ရာတွင် ပါဝင်ခဲ့သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ သေဆုံးသူအမျိုးသားမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး(နေရပ်လိပ်စာစုံစမ်းဆဲ)ဖြစ်ပြီး ဆံပင်တို(အနက်ရောင်)၊ အင်္ကျီအနီ၊ ပုဆိုးအပြာဝတ်ဆင်ထားကာ ဘေးတစ်စောင်းမှောက်လျှက်အနေအထား ပါးစပ်သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *