October 19, 2024

၈. ၁၁. ၂၀၁၃
Written by Pan Ei

လေလံတင်ပွဲတွေမှာ ရောင်းချခဲ့ဖူးသမျှထဲ အကြီးဆုံးဖြစ်ပြီး အတွင်းပိုင်း အပြစ်အနာအဆာကင်းတဲ့ ရှားပါးအပြာရောင်စိန်ကြီးကို အင်္ဂါနေ့ (နိုဝင်ဘာ ၇ ရက်) က ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ခရစ္စတီရဲ့ ရှားပါးကျောက်မျက်ရတနာတွေ ရောင်းချတဲ့ပွဲမှာ အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၈ သန်းနဲ့ လေလံတင် ရောင်းချခဲ့တယ်လို့ သိရပါတယ်။

“Bleu Royal” လို့ခေါ်တဲ့ အပြာရောင်စိန်တုံးကို လက်စွပ်တစ်ခုပေါ်မှာ အလှဆင်ထားပြီး အဲ့ဒီအပြာရောင်စိန်ဟာဆိုရင် တူးဖော်တွေ့ရှိဖူးသမျှထဲမှာ အရှားပါးဆုံးဖြစ်ပါတယ်။ ၁၇ ဒသမ ၆ ကာရက်ရှိတဲ့ အဲ့ဒီိစိန်ကို မရောင်းချမီက ခန့်မှန်းတန်ဖိုး ဒေါ်လာ သန်း ၅၀ အထိ ရှိခဲ့တာပါ။

“နက်ရှိုင်းတဲ့ အပြာရင့်ရောင်ရှိတဲ့ အဲ့ဒီစိန်ကို သစ်တော်သီးပုံ မွမ်းမံထားကာ တောက်ပတဲ့ ပုံသဏ္ဍာန်တို့ကြောင့်လည်း ထူးခြားပြီး ကမ္ဘာတဝှမ်းလုံးက စုဆောင်းသူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်”လို့ ဂျနီဗာရှိ ခရစ္စတီရဲ့ ကျောက်မျက်ရတနာဌာန အကြီးအကဲ မက်စ် ဖော်ဆက်က ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က ခရစ္စတီရဲ့ရှားပါးကျောက်မျက်ရတနာလေလံပွဲမှာ ဒါဇင်နဲ့ချီတဲ့ ရှားပါးလက်ဝတ်ရတနာတွေကို စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၇ သန်းကျော်ဖိုး ရောင်းချခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *