October 19, 2024

၈.၁၁.၂၀၂၃
Written By Thandar

မြစ်ကြီးနားက နာမည်ကြီးအဆိုတော်တွေနဲ့ ဖွဲ့စည်းထားတဲ့ ၁/ မကန(နိုင်) တေးသီချင်းဖျော်ဖြေပွဲကို လာမယ့် နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီခွဲမှာ ရန်ကုန်မြို့ The Heart Of Rangoon (or) Thor မှာ ကျင်းပမှာ ဖြစ်ပါတယ်။

“ဒီဖျော်ဖြေပွဲကတော့ Thor Bar က အဓိကလုပ်တဲ့ပွဲပါ။ ကျွန်တော်တို့အဖွဲ့တွေက မြစ်ကြီးနားမှာတော့ သီချင်းတွေ ဆိုဖြစ်ပါတယ်။ ရန်ကုန်မှာ ဖျော်ဖြေမှုကတော့ ပထမဦးဆုံးပါ။ ၁/ မကန(နိုင်) ဆိုပြီး ကျွန်တော်တို့ ဖွဲ့ထားပြီး ပထမဦးဆုံး ရန်ကုန်မှာ လာဖျော်ဖြေရမှာမို့ ရင်ခုန်ပါတယ်။ အားလုံးကလည်း မြစ်ကြီးနားသားတွေမို့ ၁/ မကန(နိုင်) လို့ Title ပေးဖြစ်တာပါ။ ကျွန်တော်တို့က ဒီဖျော်ဖြေပွဲမှာ အပိုင်း ၂ ပိုင်းရှိတော့ တစ်ပိုင်းကို ၂ ပုဒ် ဆီနဲ့ ၄ ပုဒ်လောက်တော့ ဖျော်ဖြေဖြစ်မယ် ထင်ပါတယ်။မတွေ့ရတာ ကြာပြီဖြစ်တဲ့ ပရိသတ်တွေလည်း ဆုံကြဖို့ လာခဲ့ကြပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ အဆိုတော် JZ ဒေါင်းလွဏ်းက MTNews Entertainment ကို ပြောပါတယ်။

“၁/ မကန(နိုင်)တေးသီချင်းဖျော်ဖြေပွဲ”မှာ အဆိုတော်တွေဖြစ်တဲ့ နောနော် ၊ ဝန ၊ JZ ဒေါင်းလွဏ်း ၊ အနော် အပြင် Guest Singer ချမ်းချမ်း တို့က ပါဝင်သီဆိုဖျော်ဖြေကြမှာဖြစ်ပါတယ်။ Heaven Born နဲ့ Music Slave Band နှစ်ခုနဲ့ တီးခတ်ပေးမှာဖြစ်ပြီး အကောင်းဆုံး Performance တွေနဲ့ ပရိသတ်တွေ ခံစားရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *