October 19, 2024

၈. ၁၁. ၂၀၂၃
Written by Nay Moe

ပင်လောင်းမြို့မှာ သင်္ကန်းဝတ်တစ်ဦး မောင်းနှင်လာတဲ့ Alphard ယာဥ်ပေါ်က ဘိန်းစိမ်းတွေ ဖမ်းမိခဲ့တယ်လို့ မြန်မာနိိုင်ငံရဲတပ်ဖွဲ့နဲ့ ဒေသခံတွေဆီက သတင်းအရ သိရပါတယ်။

ဖြစ်စဥ်က နိုဝင်ဘာ ၆ ရက် နံနက် ၁၀ နာရီ ၄၀ အချိန်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ ပါ၀င်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးမှာ မော်တော်ယာဉ်တွေ စစ်ဆေးရှာဖွေချိန် ဦးဣန္ဒကသာရ (ခ) အုန်းကျော်(ခ)မောင်ကျော် မောင်းနှင်လာတဲ့ Alphard အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှာ သိုဝှက်သယ်ဆောင်လာတဲ့ ဘိန်းစိမ်း အလေးချိန် ၃၉ ဒသမ ၆ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၈ ဒသမ ၈ သိန်း) နဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

လက်ရှိမှာ ဖမ်းမိ သင်္ကန်းဝတ်ကို လူဝတ်လဲပြီးနောက်မှာ တရားခံ အုန်းကျော် (ခ)မောင်ကျော်(၆၀)နှစ်ကို ဖိုကုန်းနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်တွေ ဆက်လက်ဖော်ထုတ်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *