October 19, 2024

၈. ၁၁. ၂၀၂၃
Written By Thandar

လတ်တလော ပရိသတ်တွေကြားမှာ မင်းသားတစ်ယောက်နဲ့ နာမည်ထွက်ရှိနေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဒေါ်မာလာဝင်းကတော့ ယခင် ခင်ပွန်းကို တရားဝင်ကွာရှင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနဲ့ ရန်ကုန်- ပုသိမ်အဝေးပြေးလမ်းမကြီး၊ အမှတ်-၅၈၉/၅၉၂ မှာ နေထိုင်သူ ဒေါ်မာလာဝင်း ယခင်ခင်ပွန်းဟောင်းနဲ့ တရားဝင်ကွာရှင်းလိုက်ပြီးလို့ သတင်းစာကတစ်ဆင့် ကြေညာခဲ့ပါတယ်။

ဒေါ်မာလာ၀င်းကတော့ မြန်မာ့ ဓလေ့ထုံးတမ်းနဲ့ ၁၉၉၇ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က ယခင်ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ထိမ်းမြား လက်ထပ်ပေါင်းသင်းခဲ့ကြရာက သမီး၃ ဦး ထွန်းကားခဲ့တယ်လို့ သိရပါတယ်။

ယခုအခါ တစ်ဦးနဲ့ တစ်ဦး တရားဝင် အကြင်လင်မယားအဖြစ် ဆက်လက်ပေါင်းသင်း နေထိုင်ဖို့ ဆန္ဒမရှိကြတော့တာကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်က မရမ်းကုန်းခရိုင် တရားရုံးတော်မှာ မှတ်ပုံတင်စာရင်း အမှတ် (၁/၂၀၂၃) နဲ့ နှစ်ဦးသဘောတူ အကြင်လင်မယားအဖြစ်ကနေ တရား၀င်ကွာရှင်းပြတ်စဲပြီးဖြစ်တယ်လို့ အတိအလင်းသတင်းစာမှာ ကြေညာခဲ့တာဖြစ်ပါတယ်။

နှစ်ဦးပိုင် ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကိုလည်း “နှစ်ဦး သဘောတူ ဝန်ခံကတိပြုချက်စာချုပ်”နဲ့ ချုပ်ဆိုခွဲဝေယူကြပြီး ဖြစ်တယ်လို့ဆိုပါတယ်။ နောက်နောင်မှာ ဒေါ်မာလာဝင်းနဲ့ ပတ်သက်တဲ့ စီးပွားရေး၊ လူမှုရေး ကိစ္စအဝဝအားလုံးတို့ကို သူမနဲ့ မည်သို့မျှသက်ဆိုင်ခြင်း မရှိတော့ပါကြောင်း၊ တစ်ဦးနဲ့ တစ်ဦးကလည်း မည်သို့မျှသက်ဆိုင်ခြင်းမရှိတော့ပါဘူးလို့ အများသိစေဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *