October 19, 2024

၈.၁၁.၂၀၂၃
Written By Thandar

နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Miss Tourism International 2023 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အလှမယ် ခီဆာခင်က ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။

“ကျွန်တော်တို့ Organization က အလှမယ် ခီဆာခင်ကို ၁၉၉၄ ခုနှစ်ထဲက စတင်ခဲ့တဲ့ သက်တမ်းရင့် Miss Tourism International 2023 ဝင်ရောက်ယှဥ်ပြိုင်ဖို့အတွက် စေလွှတ်မှာပါ။ နိုင်ငံတကာမှာ ကိုယ့်နိုင်ငံနဲ့ ပတ်သက်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်ထားပါတယ်။ ခီဆာခင်ကို ပြည်ပနိုင်ငံက အတွေ့အကြုံတွေအများကြီးလည်း ကျွန်တော့်အနေနဲ့ ရစေချင်ပါတယ်။ ဒီပြိုင်ပွဲအတွက် လိုအပ်ချက်ရှိတာတွေကိုလည်း ကျွန်တော်တို့အနေနဲ့ ပံ့ပိုးပေးနေပါတယ် ”လို့ National Director ကိုသက်ထွေးဇော်က MTNews Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-08_10-46-45-1024x645.jpg

နိုဝင်ဘာ ၁၀ ရက်ကနေ နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပမယ့် မလေးရှားနိုင်ငံ Miss Tourism International 2023 ပြိုင်ပွဲကြီးကို နိုင်ငံပေါင်း ၅၀ ကျော်က အလှမယ်တွေနဲ့အတူ ခီဆာခင်က ရင်ပေါင်တန်း ဝင်ရောက် ယှဥ်ပြိုင်သွားမယ်လို့ဆိုပါတယ်။ အလှမယ် ခီဆာခင် (ခ)ခင်ခင်မိုးထက်စံကတော့ မြန်မာနိုင်ငံက ယဥ်ကျေးမှု ထုံးတမ်းအစဥ်အလာတွေ ဘာသာရေးနဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်တာတွေကို ပြိုင်ပွဲမှာ ချပြသွားမယ်လို့ဆိုပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-08_10-47-11-1024x683.jpg

“ညီမအတွက် Experience တွေအများကြီး ရမှာပါ။ တခြားနိုင်ငံတကာက Miss တွေနဲ့ ရင်ပေါင်တန်း ပြိုင်ပွဲဝင်ရမှာမို့ စိတ်လည်း လှုပ်ရှားတယ်။ မြန်မာနိုင်ငံက ပြိုင်ပွဲဝင်အလှမယ်တွေက ဒါမျိုးတွေလုပ်နိုင်ပါလား ဆိုတာမျိုးဖြစ်အောင် အများကြီးပြင်ဆင်ထားပါတယ်။ ပြင်ဆင်ထားတာတွေ ရှိပေမယ့် လိုအပ်ချက်တွေကတော့ ရှိမှာပေါ့။ အတတ်နိုင်ဆုံး ပြင်ဆင်ထားတယ်။ လိုအပ်ချက်ရှိရင် ထောက်ပြပေးလို့လည်း ရပါတယ်။ အမှားမရှိအောင်လည်း ပြင်ဆင်ထားတယ်။ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့ မမနီနီ (ခ) နီနီလင်းအိမ်ကိုလည်း အားကျပါတယ်။ ပြိုင်ပွဲမှာ Confidence ရှိရှိ လုပ်ဆောင်သွားမို့ ဘယ်လို Challenge ပဲ လာလာ အကောင်းဆုံး လုပ်ဆောင်နိုင်မယ် ထင်ပါတယ် ”လို့ အလှမယ် ခီဆာခင်က MTNews Entertainment ကို ပြောပါတယ်။

အလှမယ် ခီဆာခင်ဟာ အသက် ၁၅ နှစ်ကျော်ရှိပြီး အရပ်ကတော့ ၅ ပေ ၈ လက်မခွဲ ရှိတာလည်း ဖြစ်ပါတယ်။ သူမကတော့ Miss Earth Land Myanmar 2023 Winner နဲ့ The Best Of Speak out Award ဆုကို ရရှိထားလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *