October 19, 2024

MT News
၈. ၁၁. ၂၀၂၃

မြန်မာ – ရုရှား နှစ်နိုင်ငံအကြား ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုတွေအတွက် ရုရှားဘက်က Evrofinance Mosnarbank ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ် ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Ros- Congress Investments Fund) ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို နိုဝင်ဘာ ၇ ရက်မနက်က နေပြည် တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာ လက်ခံတွေ့ဆုံချိန် မြန်မာ – ရုရှား နှစ်နိုင်ငံအကြား ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုအတွက် ရုရှားဘက်က Evrofinance Mosnarbank ကို ရွေးချယ်ထားမှုအပါအဝင် ဘဏ်နဲ့ငွေကြေးဆိုင်ရာတွေ ဆွေးနွေးခဲ့ပါတယ်။

ဒီလိုဆွေးနွေးချိန်မှာ ရုရှား-မြန်မာ နှစ်နိုင်ငံအကြား နိုင်ငံသုံးငွေကြေးနဲ့ ကုန်စည်တွေ ဒါမှမဟုတ် ငွေကြေးပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်တဲ့ ကုန်စည်တွေ ချိတ်ဆက်ပြီး ငွေကြေးတန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်တွေ၊ နှစ်နိုင်ငံအပြန် အလှန် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်တွေ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနဲ့ နယ်စပ်ဖြတ်ကျော်ပေးချေမှုတွေအတွက် နှစ်နိုင်ငံသုံးငွေကြေးအသုံးပြုမှုကို မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်တွေ၊ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု အများဆုံးနိုင်ငံတွေရဲ့ ကုန်သွယ်မှုအပေါ်မူတည်ပြီး ကုန်စည်များအစုအဖွဲ့ (Commodities Basket) ကို အသုံးပြုကာ ဒစ်ဂျစ်တယ်ငွေရေးကြေးရေးဆိုင်ရာရရန်ပိုင်ခွင့် (Digital Financial Asset) တစ်ခု သတ်မှတ်ပြီး ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုတွေ ဆောင်ရွက်သွားနိုင်ရေးအတွက် နှစ်ဖက်ပူးတွဲ လုပ်ငန်းအဖွဲ့က ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ ရုရှားနိုင်ငံဗဟိုဘဏ်တို့ ဦးဆောင်မှုနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်က ရွေးချယ်ထားတဲ့ Evrofinance Mosnarbank နဲ့ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ရွေးချယ်ပေးမဲ့ နိုင်ငံပိုင်/ ပုဂ္ဂလိကဘဏ်တွေ ဆက်လက်ပြီး ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုကိစ္စရပ်တွေ ဆောင်ရွက်သွားနိုင်ဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *