October 23, 2024

ကန်တော်ကြီးအတွင်းပျောက်ဆုံးခဲ့သည့်အမျိုးသား၏ ရုပ်အလောင်းကို တွေ့ရစဥ်

၁၇.၁၁.၂၀၂၂

Written by A Thaung

ကန်တော်ကြီးအတွင်း အချိန်နှစ်လနီးပါး ပျောက်ဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းတစ်ခုကို ယနေ့နေ့လည် ၁၂ နာရီအချိန်က ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ် အဆိုပါအမျိုးသားမှာ စက်တင်ဘာ ၂၂ ရက် နေ့လည်ပိုင်းက ကန်တော်ကြီးအပန်းဖြေဝန်းအတွင်းပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း မတွေ့ရဘဲ ယနေ့မှသာ ရုပ်အလောင်းအဖြစ် ကန်တော်ကြီးရေပြင်တွင် ပေါလောပေါ်နေခြင်းဖြစ်ကြောင်း မျက်မြင်တစ်ဦးကပြောသည်။

“နှစ်လလောက်ရှိနေပြီဆိုတော့ ရှာတဲ့သူတွေက ဆက်မရှာကြတော့ဘူး။ ဒီကနေ့ပြန်ပေါ်လာတော့ ခန္ဓာကိုယ်က တဝက်လောက်ပဲ ကျန်တော့တယ်။ ဒါတောင် လာအပန်းဖြေတဲ့သူကတွေ့လို့ သိရတာ။ အမျိုးသမီးတစ်ယောက်ကတော့ အဝတ်အစားကြည့်ပြီး ပျောက်နေတဲ့ သူ့ယောက်ျားပြောတယ်”ဟု ၎င်းကပြောသည်။

အဆိုပါအမျိုးသားမှာ ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ဈေးသည်တစ်ဦးအားပူးကပ်ခဲ့ကာ ကန်တော်ကြီးတွင်ရှိကြောင်း ပြောခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *