October 19, 2024

၇. ၁၁. ၂၀၂၃
Written by Pan Ei

ကေပေါ့ပ် မျိုးဆက်သစ် အမျိုးသမီးအဖွဲ့တွေထဲမှာ နာမည်အကြီးဆုံးအဖွဲ့တွေလို့ ပြောလို့ရမယ့် Aespa၊ (G)I-dle နဲ့ Ive တို့က အဖွဲ့ဝင်တွေပေါင်းပြီး သီချင်းသစ်ထုတ်သွားမယ်ဆိုတဲ့ သတင်းကို မနေ့( နိုဝင်ဘာလ ၆ ရက်)က ထုတ်ပြန်ခဲ့ရာမှာ အဲ့ဒီသတင်းဟာ ပရိသတ်တွေကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့ပါတယ်။

သီချင်းသစ်မှာ Aespa၊ (G)I-dle နဲ့ Ive တို့က အဖွဲ့ဝင် တစ်ယောက်စီ ပါဝင်သီဆိုသွားမှာဖြစ်ပြီး သီချင်းသစ်နာမည်ကတော့ Nobody လို့ သိရပါတယ်။

အေဂျင်စီမတူတဲ့ အဖွဲ့တွေက အဖွဲ့ဝင်တွေ ပါဝင်မယ့် Nobody သီချင်းကို ထုတ်လုပ်သူအနေနဲ့ ပါဝင်ထားသူတစ်ဦးက “ဒါဟာ ရှိရင်းစွဲ အယူအဆတွေကို ဖျောက် ဖျက်ပြီး ပူးပေါင်းဆောင်ရွက်ထားတဲ့ စုစည်းမှုတစ်ခုပါ။ အနုပညာရှင်တွေ၊ တေးရေးဆရာတွေနဲ့ ဝန်ထမ်းတွေ အားလုံးက ကေပေါ့ပ်ကို ကိုယ်စားပြုတဲ့အတွက် ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ဂီတပရိသတ်တွေအတွက် အထူးလက်ဆောင်တစ်ခု ဖြစ်လာမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

Nobody သီချင်းမှာ ပါဝင်လာမယ့် အဖွဲ့ဝင်တွေကို ပရိသတ်တွေက ခန့်မှန်းနေကြတာတွေရှိပြီး ထူးခြားတဲ့ ပေါင်းစပ်မှုတစ်ခုအနေနဲ့ ပရိသတ်တွေက သီချင်းသစ်ကို စောင့်မျှော်နေကြကာ Nobody သီချင်းဟာ လာမယ့် နိုဝင်ဘာလ ၁၆ ရက်မှာ ထွက်ရှိသွားမယ်လို့ သိရပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *