October 19, 2024

၇.၁၁.၂၀၂၃
Written By Thandar

အယ်လ်ဆာဗေးဒေါနိုင်ငံမှာ ၇၂ ကြိမ်မြောက် ကျင်းပမယ့် မယ်စကြာဝဠာ (Miss Universe 2023) ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဥ်ပြိုင်မဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် အမရာဗိုလ်ဟာ ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ အဆင်ပြေချော့မွေ့စွာ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

“အမရာ ပထမစီစဉ်ထားတာ El Salvador လေဆိပ်ရောက်ရင် Miss Universe Myanmar လို့အော်ဖို့ပါပဲ။ ဒါပေမယ့် အမရာ လေဆိပ်ရောက်တဲ့အချိန်မှာ ည ၁၂ နာရီ ၅၁ မိနစ်မှ ရောက်တာဆိုတော့ ဘယ်သူမှ သိပ်မရှိကြတော့ မအော်လိုက်ရဘူး။ အကုန်လုံးလည်း အိပ်နေကြပြီ။ အမရာကိုယ်တိုင်ကလည်း ခရီးစဉ် တောက်လျှောက် ဒီအင်္ကျီနဲ့ပဲ လာခဲ့ရတယ်။ ဒီရောက်တော့ အင်္ကျီတွေလဲချင်တယ်ပေါ့။ သူတို့တွေဆီက တန်းလာကြိုကြတယ်။ ခုဟိုတယ် ရောက်ပါတယ်။ အမရာက Miss China နဲ့အတူတူ နေရမှာပေါ့။ အခန်းဖော်က မရောက်သေးပါဘူး။ အမရာ လေဆိပ်မှာ Supervisor နဲ့လည်း တွေ့ပြီးပြီ။ လာကြိုသူတွေရော ကောင်းကောင်း Communicate လုပ်ခဲ့ပါတယ်”လို့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် အမရာဗိုလ်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-07_16-25-05.jpg

သူမက နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းမှာ မြန်မာပြည်က စတင်ထွက်ခွာခဲ့ပြီး US Transit visa မရရှိတာကြောင့် Vietnam ကတစ်ဆင့် Singapore၊ Singapore ကနေ ပြင်သစ်၊ ပြင်သစ် ကနေ El Salvador ကို Transit များစွာနဲ့ သွားရောက်ခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲကျင်းပရာ El Salvador နိုင်ငံကို ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့ မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Miss Universe 2023 ပြိုင်ပွဲတစ်လျှောက်လုံးမှာ ထိုင်း၊ လာအို၊ တရုတ်နဲ့ မြန်မာ အလှမယ်တွေဟာ Group တစ်ခုထဲအတူကျရောက်ခဲ့ပြီး Supervisor တစ်ဦးက တာဝန်ယူကိုင်တွယ်သွားမှာလည်း ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-07_16-25-26-1024x1024.jpg

“အမရာ အကောင်းဆုံး ပြိုင်ပွဲအတွက် လုပ်ဆောင်နိုင်အောင်ကြိုးစားမယ်။ စိတ်ပူပေးကြလို့လည်း ပျော်ရပါတယ်။ ခု အမရာ အန္တရာယ်ကင်းကင်းနဲ့ El Salvador ရောက်ပါပြီ။ အကောင်းဆုံး ကြိုးစားပါမယ်။ အမရာ့ကို အများကြီး ချစ်ပေးကြပါဦးနော်။ Vote တွေလည်း ပေးပါဦးနော်။ အားလုံးရဲ့ စေတနာ မေတ္တာကြောင့် ဒီကိုအကောင်းဆုံး ရောက်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီထက် ပိုပြီး သန်မာအောင်နေမယ်။ ဒီထက်ပိုပြီး ကောင်းအောင်နေပါမယ်။ အများကြီး ချစ်ပေးကြပါဦးနော်”လို့ သူမကဆက်ပြောပါတယ်။

နိုဝင်ဘာ ၄ ရက်ကနေ နိုဝင်ဘာ ၁၈ ရက်အထိ ကျင်းပနေတဲ့ Miss Universe 2023 ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၈၆ နိုင်ငံက ကိုယ်စားပြုအလှမယ်များစွာနဲ့အတူ အလှမယ် အမရာဗိုလ်က ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။ Final Competition ကိုတော့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ National Gymnasium, San Salvador, El Salvador မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-07_16-25-18-1024x683.jpg

၂၀၂၃ ခုနှစ်ရဲ့ Stage Design ဟာ ၂၀၁၈ ခုနှစ်က ပုံစံနဲ့ အလားတူ ( X ) ပုံသဏ္ဍာန်ရှိပါတယ်။ ဒါ့အပြင် ပရိသတ်များအကြားမှာ အပြောများနေတဲ့ ကိစ္စတစ်ခုကတော့ Ticket စျေးနှုန်းများဟာ အနည်းဆုံး အမေရိကန် ဒေါ် လာ ၅၀၀ ကနေ ၂၀၀၀ အထိ (မြန်မာငွေ ၁၇ သိန်းခန့်ကနေ သိန်း ၇၀ အတွင်း) ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် Preliminary and Final Competition တွေကို ယခင်နှစ်တွေလို Youtube မှ အခမဲ့ ကြည့်ရှုနိုင်တော့မှာ မဟုတ်ဘဲ Online Payment နဲ့ ဝယ်ယူပြီးမှသာ ကြည့်ရှု့နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *