October 19, 2024

၇ . ၁၁.၂၀၂၃
Written by MMAK

ချန်ပီယံလိဂ်အုပ်စုပွဲစဥ် (၃) မှာ အသင်းတချို့က ချန်ပီယံအုပ်စုတက်ဖို့ သေချာသွားပေမဲ့လည်း တချို့အသင်းတွေအတွက်တော့ ဒီတစ်ပတ်ပွဲစဥ် (၄) ကြမှ အဖြေထွက်မှာဖြစ်သလို တချို့အုပ်စုတွေကလည်း ယူရိုပါလိဂ်ကို ဘယ်သူဆင်းကြမလဲ၊ ဘယ်သူကတော့ ခြေလွတ်လက်လွတ်ပြုတ်သွားမလဲဆိုတာ အဖြေရှာမဲ့အခြေအနေဖြစ်ပါ။ ဒီလိုအခြေအနေမျိုးမှာ ချန်ပီယံလိဂ်ဟာ နတ်ကြီးတတ်ပေမဲ့လည်း စိတ်ကြိုက် အဖြစ်ဆုံး အကောင်းဆုံးပွဲစဥ်တချို့ကို ရွေးချယ် သုံးသပ်ပေးထားပါတယ်။ အားလုံး အပေါင်းရလဒ် ဖော်ဆောင်နိုင်ကြပါစေလို့လည်း MT News က ဆုမွန်ကောင်းတောင်းပါတယ်။

ရှက်တာဒိုးနတ် Vs ဘာစီလိုနာ

သုံးပွဲလုံး အနိုင်ရထားပြီး ကိုးမှတ်ရထားတဲ့ ဘာစီလိုနာ အုပ်စုတက်ဖို့ သေချာသလောက် ရှိနေပါပြီ။ ရှက်တာဒိုးနတ် အနေနဲ့ အုပ်စုတက်ချင်တယ်ဆို ပေါ်တိုကို အမှီလိုက်ဖို့ဆို ဒီပွဲနိုင်ဖို့ လိုအပ်ပါတယ်။ ရှက်တာဒိုးနတ် အသင်း တစ်ဂိုးသွင်းနိုင်မယ်လို့ ထင်ပါတယ်။ ရှက်တာဒိုးနတ် တစ်ဂိုးသွင်းရင် ဘာစီလိုနာ ကြေးအောင်ဖို့ သုံးဂိုးပြန်သွင်းရမှာပါ။ ဘာစီလိုနာ နှစ်ဂိုးသွင်းတောင် ကြေးအပြည့်မရှုံးသေးပါဘူး။ ကြားကွင်း ဂျာမနီနိုင်ငံမှာ ကန်ရမှာဆိုပေမဲ့ ဘာစီလိုနာနိုင်ခဲ့ရင်တောင် ဂိုးမပြတ်ဘူးလို့ ယူဆတဲ့အတွက်  ရှက်တာဒိုးနတ်အသင်းကို ရွေးချယ်ထားစေချင်ပါတယ်။

ဒေါ့မွန် Vs နယူးကာဆယ်

သုံးပွဲကစားကာ လေးမှတ်စီ ရရှိထားပြီး နိုင်ပွဲရယူနိုင်ရေးအတွက် အရေးအကြီးဆုံး ပွဲစဉ်ပါ။ နယူးကာဆယ်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပေမဲ့ ဒေါ့မွန်အသင်း အိမ်ကွင်းမှာ ကြေးကြော ပေးမထားပါဘူး။ အနိုင်ရတဲ့အသင်းက အုပ်စုတက်ဖို့ အခြေအနေကောင်းသွားမှာပါ။ ဘော်ဒီကြေး ဒဲ့ ဖွင့်ထားပြီး ဂိုးပေါင်းကြေးက မြင့်နေတာကြောင့် ဒီလိုကြေးတန်းဆို နှစ်ဖက်ဂိုးသွင်းမဲ့ပွဲလို့ ယူဆထားရပါမယ်။ တစ်ဖက်တစ်ဂိုးစီ ပေးထားတဲ့ ပွဲဖြစ်တဲ့အတွက် ဂိုးပေါင်းအပေါ် တစ်ခုတည်းကိုဘဲ ရွေးချယ်ထားချင်ပါတယ်။

ပေါ်တို Vs အန့်ဝှက်

တစ်မှတ်မှ မရသေးဘဲ ပွဲတိုင်းရှုံးပြီး  သုံးပွဲမှာ ဆယ့်နှစ်ဂိုးထိ ပေးရတဲ့ ခံစစ်ညံ့လွန်းတဲ့ အန့်ဝှက် အသင်းဖြစ်ပါတယ်။ ပေါ်တိုအသင်း ဒီပွဲနိုင်ခဲ့ရင် အုပ်စုတက်ဖို့ သေချာ သလောက် ရှိသွားပါပြီ။ ဘယ််လ်ဂျီယမ် မြေမှာတောင် ဂိုးပြတ်အရှုံးပေးခဲ့ရတဲ့ အန့်ဝှက်အသင်း ပေါ်တူဂီ​မြေ ပေါ်တိုအသင်း အိမ်ကွင်းမှာလည်း ဂိုးပြတ် အရှုံးပေးရဖို့ များပါတယ် ။ ချန်ပီယံလိဂ် ဝါရင့်နေတဲ့ ပေါ်တိုအသင်း အနိမ့်ဆုံး နှစ်ဂိုးပြတ်နဲ့ နိုင်မှာပါ ။ ဒါကြောင့် အိမ်ရှင် ပေါ်တို အသင်းကို အပိုင်တစ်ကွက်အဖြစ် ရွေးချယ် ပေးလိုက်ပါတယ်။

အက်သလက်တီကို Vs ဆဲတစ်

အဝေးကွင်းမှာ အင်အားအနည်းဆုံး ဆဲလ်တစ်ကို သရေသာ ရခဲ့တဲ့ အသလက်တီကိုအသင်း အုပ်စုတက်ဖို့အတွက် အိမ်ကွင်းမှာတော့ အနိုင်ယူနိုင်ဖို့ လိုအပ်နေပါပြီ။ တစ်မှတ်သာ ရထားတဲ့ စကော့တလန် ကလပ် ဆဲလ်တစ်အသင်းကတော့ ခံစစ်ညံလွန်းသလို အဆင့်သုံးရရင် ယူရိုပါလိဂ် ဆင်းကန်လို့ ရသေးတယ်ဆိုတဲ့ အိပ်မက်တောင် ဝေဝါးနေပါပြီ။ အိမ်ကွင်းဆို တီကိုအသင်း ပိုကောင်းသလို အနိုင်ရဖို့ အရေးကြီးတဲ့ အခြေအနေကြောင့် မိုရာတာ၊ ဂရက်စ်မန်းတို့ရဲ့ သွင်းဂိုးတွေကို ထိုင်ရေရမဲ့ ပွဲပါ။ အိမ်ကွင်းမှာ အမှန်အကန် အနိုင်ယူပြမဲ့ ဆီမွန်နီရဲ့ အက်သလက်တီကို အသင်းကို ရွေးချယ်ထားစေချင်ပါတယ်။

မန်စီးတီး Vs ယန်းဘွိုင်း

တစ်ပွဲကို အနိမ့်ဆုံး သုံးဂိုးသွင်းပြီး နှစ်ပွဲဆက် ကြေးအောင်ထားတဲ့ မန်စီးတီးအသင်း ဒီပွဲမှာတော့ ဂိုးတွေ တဒိုင်းဒိုင်းသွင်း ဦးမယ် မထင်တော့ပါဘူး။ မန်စီးတီး နိုင်မယ်။ ဘော်ဒီကြေးအောင်ရင် ဂိုးပေါင်းစားမဲ့ ပွဲပါ။

ယန်းဘွိုင်းအသင်းကတော့ အဝေးကွင်းမှာ ပိတ်ကန်ရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး။ ကန်ခဲ့တဲ့ သုံးပွဲလုံး တစ်ဂိုးစီ ပေးပြီး ဂိုးပေါင်းအပေါ် ပေးအောင်ခဲ့တဲ့ မန်စီးတီးအသင်း ဒီပွဲ ဂိုးပြန်ပေးမယ်လည်း မထင်ပါဘူး။ ကိုးမှတ်ရထားတဲ့ မန်စီးတီးအသင်း လူစုံ ထုတ်ပြီး အင်နဲ့အားနဲ့ ကန်မှာ မသေချာပါဘူး ။ နောက်ပွဲ ချဲလ်ဆီးနဲ့ အဝေးကွင်း ကန်ရဦးမှာပါ။ အနိုင်ရပြီး ကြေးကျမဲ့ အနေအထားမျိုး ဖြစ်လာနိုင်ပါတယ်။ အရံတွေနဲ့ ပွဲထွက်လာပြီး အနိုင်ရလဒ်ကို ထိန်းထိန်းသိမ်းသိမ်း ကန်မဲ့ မန်စီးတီးတစ်သင်းတည်း လေးဂိုး မရောက်နိုင်တာကြောင့် ဂိုးအောက် တစ်မျိုးတည်းကို ရွေးချယ်စေချင်ပါတယ်။

အေစီမီလန် Vs PSG

အေစီမီလန်အသင်း ခြေစွမ်းအကျဘက်ရောက်နေပြီး ရှုံးပွဲတွေဆက်နေပါတယ်။ ဒီအခြေအနေကြောင့် အဝေးကွင်း PSG ကနေ ကြေးကြောပြန်ပေးထားတာ ဖြစ်ပါတယ်။ နှစ်မှတ်သာ ရထားတဲ့ အေစီမီလန်အသင်း ဒီပွဲရှုံးခဲ့ရင် အုပ်စုတက်ဖို့ မသေချာတော့ပါဘူး။ အေစီမီလန် အမှတ်ရဖို့ လိုအပ်နေပါတယ်။ ဒီအခြေအနေမှာ အဝေးကွင်း PSG က ကြေးကြော ပြန်ပေးထားတဲ့အတွက် PSG အသင်း ဂိုးရမယ်လို့ ဘွတ်ကီတွေ ယူဆထားပါတယ်။ အမှတ်လိုနေတဲ့ အိမ်ရှင် အေစီမီလန်လည်း ဂိုးပြန်ရဦးမှာပါ။ တစ်ဖက်တစ်ဂိုးစီ သေချာနေတာကြောင့် နောက်တစ်ဂိုး ဘယ်အသင်းသွင်းမလဲ စောင့်ကြည့်ရင်း ဂိုးကောင်းအပေါ် ကို ရင်ခုန်ထားတာ အကောင်းဆုံးပါ။

လာဇီယို Vs ဖီယင်နု

အုပ်စုတက်ဖို့အတွက် လာဇီယိုအသင်း အနိုင်ရဖို့ လိုပါတယ်။ အိမ်ကွင်းဖြစ်နေပေမဲ့ ကြေးပါးပါးလေးသာ ပေးထားတာကတော့ သံသယဖြစ်စရာပါ။ ခုနှစ်မှတ်ရထားတဲ့ ဖီယင်နုအသင်း အဝေးကွင်းမှာ အနိုင်ရခဲ့မယ်ဆိုရင်တော့ အုပ်စုတက်ဖို့ သေချာသလောက်ရှိပါပြီ။ ထိန်းကစားမဲ့ ပွဲလို့ မထင်ပါဘူး။ တစ်ဖက်နဲ့တစ်ဖက် အနိုင်ရအောင် ကန်ကြဦးမဲ့ပွဲလို့ ယူဆတာကြောင့် ပထမအကျော့ကလို သွင်းဂိုးတွေ မြင်ရဖို့ ရှိပါတယ်။ ဒါကြောင့် ဂိုးပေါင်း အပေါ်ကိုပဲ ရွေးချယ်ထားစေချင်ပါတယ် ။

ဇဗက်ဒါ Vs လိုက်ဇစ်

ဆားဘီယားလိဂ်ချန်ပီယံ ဇဗက်ဒါအသင်း ထင်သ လောက်မညံ့ပါဘူး။ ယူရိုပါလိဂ် ဆင်းကန်ရဖို့ ကြိုးစားခွင့် ရှိသေးတဲ့ အခြေအနေကြောင့် အိမ်ကွင်းမှာတော့ ရုန်းကန်ကစားလာမှာပါ။ လိုက်ဇစ်အသင်း အိမ်ကွင်းကောင်းပေမဲ့ အဝေးကွင်းဆို တိုင်ပတ်နေတတ်ပါတယ်။ ဖွင့်ထားတဲ့ ကြေးတန်းအရလည်း အဝေးကွင်း လိုက်ဇစ်အသင်း နိုင်လည်း တစ်ဂိုးထက် မပိုဘူးလို့ ယူဆထားပါတယ်။ ဇဗက်ဒါ တစ်ဂိုးသွင်းလိုက်ရင် လိုက်ဇစ်အသင်း သုံးဂိုးပြန်သွင်းနိုင်မယ် မထင်ပါဘူး။ ဒီတော့ ဆားဘီးယားမြေမှာ အိမ်ရှင် ဇဗက်ဒါအသင်းနဲ့ လက်တွဲထားတာ အကောင်းဆုံးပါ။

Leave a Reply

Your email address will not be published. Required fields are marked *