October 19, 2024

၇. ၁၁. ၂၀၂၃
Written by Nay Aung

မလေးရှားနိုင်ငံသား ၂၀၀၀ ကျော်သည် မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများရှိ လူကုန်ကူးဂိုဏ်းများလက်ထဲတွင် ပိတ်မိနေကြောင်း မလေးရှားသတင်းဌာနများကဖော်ပြထားသည်။

မလေးရှားနိုင်ငံသား ၁၂၀၀ ကျော်သည် မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့်ရာဇဝတ်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေကြောင်း၊ အဆိုပါ မလေးရှားနိုင်ငံသားများသည် ၎င်းတို့ ဆန္ဒနှင့် ကိုက်ညီမှုမရှိသောအလုပ်များကို အတင်းအကြပ်ခိုင်းစေခံနေရကြောင်း မလေးရှား နိုင်ငံတကာလူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးအဖွဲ့ အတွင်းရေးမှူး Datuk Hishamuddin Hashim က ပြောသည်။

၎င်းက ” မလေးရှားနိုင်ငံသားအများစုဟာ မြန်မာနိုင်ငံရှိလူကုန်ကူးဂိုဏ်းများလက်ထဲမှာ ပိတ်မိနေတယ်။ အဲဒီ မလေးရှားနိုင်ငံသားတွေဟာ အွန်လိုင်းကတစ်ဆင့်လိမ်လည်မှုတွေ ကျူးလွန်ဖို့ အတင်းအကြပ်ဖိအားပေးခံနေရတယ်။ လုပ်ဆောင်ခြင်းမရှိဘူးဆိုရင် ရိုက်နှက်ခံရတယ်။ အဲဒီမလေးရှားနိုင်ငံသားတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် လူကုန်ကူးဂိုဏ်းများ၊ မြဝတီ၊ တာချီလိတ်နဲ့ လောက်ကိုင်မြို့အခြေစိုက် လူကုန်ကူးဂိုဏ်းများလက်ထဲမှာ ပိတ်မိနေတာဖြစ်တယ် ” ဟု ပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-07_15-36-38-1024x576.jpg

ထို့အပြင် ၎င်းက ” မလေးရှားနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရှိ တရားမဝင်လမ်းကြောင်းကနေ မြန်မာနိုင်ငံကို ဘယ်လို သွားရောက်ခဲ့သလဲဆိုတာကို မသိသေးဘူး။ ဒါပေမယ့် မြဝတီမြို့က လူကုန်ကူးဂိုဏ်းတွေလက်ထဲမှာ မလေးရှားနိုင်ငံသား ၂၀၀ ကျော်ရှိနေတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံကြား ဆက်ဆံရေးသည် မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မျှော်လင့်သလောက်မကောင်းသည့်အတွက် လူကုန်ကူးဂိုဏ်းများလက်ထဲရှိ မလေးရှားနိုင်ငံသားများကို ပြန်လည်ကယ်တင်ရန် ရုန်းကန်နေရကြောင်း ၎င်းကပြောသည်။

မလေးရှားနိုင်ငံသည် ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နိုင်ငံတို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနများ၊ ရဲတပ်ဖွဲ့များ နှင့်ပူးပေါင်းပြီး လူကုန်ကူးဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသူများကို ပြန်လည်ကယ်တင်ရာတွင် အဆင်ပြေခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်များလက်ထဲတွင်ပိတ်မိနေသည့် မလေးရှားနိုင်ငံသားအချို့ကို ပြန်လည်ခေါ်ယူရာတွင်လည်း အဆင်ပြေခဲ့ကြောင်း မလေးရှားနိုင်ငံတကာလူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးအဖွဲ့အတွင်းရေးမှူးက ပြောသည်။

Ref; thestar

Leave a Reply

Your email address will not be published. Required fields are marked *