October 19, 2024

၇. ၁၁. ၂၀၂၃
Written by Nay Moe

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက မြောက်စည်းရဲစခန်းကို PDF တွေက နိုဝင်ဘာ ၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ရာမှာ PDF တွေဘက်က သုံးယောက်သေခဲ့တယ်လို့ VAKOK – CNDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် မနက် ၆ နာရီဝန်းကျင်မှာ PDF တွေက မြောက်စည်းရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲအတွင်း VAKOK-CNDF က PDF Cung Te နဲ့ Ranger Kaly Defence Force က မင်းခန့်နိုင်နဲ့ ဇင်မောင်ဦး (ခ) ညိုလုံးတို့ PDF နှစ်ယောက်လည်း သေဆုံးခဲ့ရတယ်လို့ VAKOK-CNDF က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-07_15-17-28-768x1024.jpg

ဒီစစ်ဆင်ရေးကို VAKOK – CNDF၊ Ranger Kalay Defend Force – RKDF ၊ ကလေးခရိုင်တပ်ရင်း ၄ ၊ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

RKDF ဟာ PDF နှစ်ယောက်သေတဲ့အပြင် အခြား PDF နှစ်ယောက်ကလည်း စိုးရိမ်ရဒဏ်ရာတွေ ရရှိထားပေမဲ့ ဆေးကုသပေးမဲ့သူမရှိဖြစ်နေပြီး အဲဒီ PDF နှစ်ယောက်ဟာ ခန္ဓာကိုယ်ထဲမှာ ဗုံးဆံ၊ ကျည်ဆံတွေကျန်ရှိနေတယ်လို့ ရဲဘော်ဇီက ပြောပါတယ်။

ပုံစာ။ Vakok နှင့် RKDF မှ PDF သုံးဦး သေဆုံးမှုနှင့် ဆေးကုသမှုမခံရသော RKDF နှစ်ဦးမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *