October 19, 2024

◼️ ဂါဇာဒေသမှာ ကလေးငယ်များအတွက် သုဿန်ကဲ့ သို့ဖြစ်နေရဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောကြား

၇. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

လူဦးရေအားဖြင့် ၂ ဒသမ ၃ သန်းရှိသော ဂါဇာကမ်း မြောင်ဒေသအတွင်း အစ္စရေး-ဟားမားစ် စစ်ပွဲ တစ်လ ပြည့်မြောက်ချိန်တွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ အစ္စရေးဘက်မှ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဂါဇာဒေသရှိ မီဒီယာများက ဖော်ပြခဲ့ကြသည်။

စုစုပေါင်း လူဦးရေ ၂ ဒသမ ၃ သန်းအနက် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၆၁ သန်းခန့်မှာ အစ္စရေးတို့၏ ဒေသအတွင်း အဆက်မပြတ် ဗုံးကြဲမှုများနှင့်အဆက်မပြတ်လက်နက်ကြီးပစ်ခတ်မှုများကြောင့် အိုးအိမ်များမှ ထွက်ပြေးနေကြရသည်။ ထိုပစ်ခတ်တိုက်ခိုက်မှုများတွင် ကလေးငယ် ၄,၁၀၀ ခန့် အပါအဝင် သေဆုံးသူ ၁၀,၀၀၀ ကျော်ပြီဖြစ်၍ အပစ်အခတ်ရပ်စဲရန်တစ်ကမ္ဘာလုံးက ဝိုင်းဝန်းတောင်းဆိုလျက်ရှိသည်။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဂါဇာဒေသမှာ ကလေးငယ်များအတွက် သုဿန်ကဲ့သို့ဖြစ်နေရကြောင်း သတင်းထောက်များကို ပြောခဲ့သည်။

သို့ရာတွင် အစ္စရေးဘက်မှလည်း ဓားစာခံများမလွှတ်မချင်း အပစ်အခတ်မရပ်စဲနိုင်ဟုပြောကြားထားသလို ဟားမားစ် တို့ကလည်း ခေါင်းမာစွာဆက်လက်တိုက်ခိုက်ဆဲဖြစ်သဖြင့် ဂါဇာဒေသအတွင်း ထိခိုက် သေဆုံးမှုများက နေ့စဉ်နှင့်အမျှတိုးတက်နေရသည်။

ကုလသမဂ္ဂဆီုင်ရာ ပါလက်စတိုင်းကိုယ်စားလှယ် ရီယာ့ဒ် မန်ဆိုးက အစ္စရေးတို့အနေနှင့် ကျူးလွန်ခဲ့သောစစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိကြောင်းနှင့် အမေရိကန်က ကုလသမဂ္ဂ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ပိတ်ဆို့တားဆီးမှုပြုနေ၍ အမေရိကန်အစိုးရကိုပါ ပြစ်တင်ရှုတ်ချခဲ့သည်။

Ref—–Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *