October 19, 2024

၇. ၁၁. ၂၀၂၃
Written by Nyein Kyaw

မြဝတီ-‌ကော့ကရိတ် အာရှလမ်းတောင်ပတ်လမ်းတွင် ရန်ကုန်မှ မြဝတီသို့ တက်လာသည့် ခရီးသည်တင်ယာဉ် တစ်စီးမီးလောင်မှု ယနေ့တွင် ဖြစ်ပွားခဲ့ကြောင်း သင်္ဃန်းညီ‌နောင် မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက်(ယနေ့) နံနက် ၁၀ အချိန်ခန့်တွင် မြဝတီ-ကော့ကရိတ် အာရှလမ်း(တောင်ပေါ်လမ်းသစ်) ရင်ကွဲတောင်အဆင်းတွင် ခရီးသည်တင် (Express မှန်လုံ) ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဥ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

“အခြားကိစ္စကြောင့်တော့ မဟုတ်ဘူး။ သူ့ဟာသူ မီးလောင်တာ ဝါယာ‌ရှော့ဖြစ်ပြီးတော့ပေါ့။ ကျန်တဲ့တင်လာတဲ့ ကုန်တွေမသိဘူး အထဲကိုလည်း မဝင်ရတော့လေ။ လူတွေကတော့ ထိခိုက်မှုမရှိဘူး” ဟု သင်္ဃန်းညီ‌နောင် မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမိုးဌေးက ပြောသည်။

ဓာတ်ပုံ- သင်္ဃန်းညီ‌နောင် မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *