October 19, 2024

၇. ၁၁. ၂၀၂၃
Written By Thandar

MRTV–4 ရုပ်သံလိုင်းကတစ်ဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင် မေမြင့်မိုရ်ကတော့ အလွမ်းအဆွေးမုဒ်လေးသဘောကျလို့ Highway Echoes သီချင်းသစ်ထုတ်လိုက်တာလို့ ပြောလာပါတယ်။

“ မေလေးက စာသားလေးလည်း အရမ်းသဘောကျတယ်။ Highway Echoes ကို မဂျူလီယာနိုးက ရေးပေးတာပါ ။မေ ဒီသီချင်းလေးကို ကြိုက်တာမို့ မေတ္တာ လက်ဆောင်နဲ့ ပေးဆိုတာပါ။ စာသားလေးရော မေ ကိုယ်တိုင်က အလွမ်းအဆွေးမုဒ်လေး သဘောကျတာမို့ သီချင်းလေး သီဆိုထားပါတယ်။ အကုန်အကျခံပြီး Music Video ကို ၃ ရက်လောက် ရိုက်ထားတာပါ။ အဆိုတော် တစ်ယောက်အနေနဲ့ မဟုတ်ဘဲ အနုပညာကို ဝါသနာပါတဲ့အတွက် သီချင်းလေး ဖန်တီးဖြစ်တာပါ။ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေဆိုရင် ဆိုမယ်။ ကာရံလွဲ မေတ္တာ ဇာတ်လမ်းတွဲမှာလည်း ဇာတ်ဝင်တေး မေဆိုဖြစ်တယ်။ နောက် ဇာတ်ဝင်တေးတွေလည်း မေပါ ဝင်ဆိုဖို့ရှိပါတယ်။ သီချင်းကတော့ မေ ဆိုတာ ၃ ပုဒ်လောက်တော့ ရှိပါပြီ ” လို့ သရုပ်ဆောင် မေမြင့်မိုရ်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-07_14-18-00-682x1024.jpg

သူမကတော့ Highway Echoes သီချင်းသစ်လေးကို ရှမ်းပြည်နယ် ကလော ၊ ဟဲဟိုး စတဲ့နေရာတွေမှာ အချိန်သေချာပေးရိုက်ကူးပြီး ထွက်ရှိလိုက်တာလည်းဖြစ်ပါတယ်။ ဂီတပိုင်းနဲ့ပတ်သက်ပြီး တေးရေး ဓိရာမိုရ် သီချင်း၊ အဆိုတော် အောင်ထက် ရေးပေးထားတဲ့ ကာရံလွဲ မေတ္တာဇာတ်လမ်းတွဲမှာလည်း ဇာတ်ဝင်တေးတွေ သီချင်းထားသူလည်းဖြစ်ပါတယ်။ မေမြင့်မိုရ်ကတော့ ၂၀၁၉ ခုနှစ်ထဲ ပုဂံမှာဟိုတယ်ဖွင့်ဖို့ စီစဥ်ခဲ့ပြီး လက်ရှိ ပုဂံမြို့သူ ဟိုတယ်ကို အကောင်အထည်ဖော်ခဲ့ပြီးသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *