October 19, 2024

၇.၁၁.၂၀၂၃
Written by KL

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ရေခဲတောင်ခြေတွင်ရှိသော ရှိန်းခေါင်ရွာတွင် ယနေ့နံနက်အစောပိုင်းက ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရှိန်းခေါင်ရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး မီးလောင်မှုကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့ကာ ဒေသခံများ၏ နေအိမ်များ၊ အတွင်းပစ္စည်းများနှင့် ကုန်ပစ္စည်းသိုလှောင်ရုံများလည်း မီးလောင်ဆုံးရှုံးခဲ့ရသည်။

This image has an empty alt attribute; its file name is photo_2023-11-07_14-02-16-1024x768.jpg

“ချစ်ရတဲ့ ရှိန်းခေါင်၊ လှပလွန်းတဲ့ ရှိန်းခေါင် အခုတော့ မီးဘေးကြောင့် ပြာကျသွားတဲ့ သတင်းကြားရလို့ တကယ် စိတ်ထိခိုက်ရပါတယ်။ မယုံနိုင်ပေမယ့် သတင်းက Confirm ဖြစ်နေတယ်။ အမျိုးတွေ အိမ်လည်းပါသွားတယ်။ သိုလှောင်ထားကြတဲ့ ကုန်စည်တွေလည်း အကုန်ပါသွားတယ်။ နစ်နာမှုက အရမ်းများသွားပါပြီ။ အမျိုးတွေအတွက် အရမ်းစိတ်ပူနေမိတယ်”ဟု ဒေသခံတစ်ဦးဖြစ်သူ Nangseng Pong က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ရှိန်းခေါင်ရွာသည် ခေါင်လန်းဖူးမြို့သို့သွားရောက်ရန် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုများရှိသဖြင့် တရုတ်နယ်စပ်ဘက်မှ ကုန်ပစ္စည်းများကို အားထားရသော ဒေသဖြစ်သည်။ မြန်မာနိုင်ငံ၏ ရေခဲပြင်ရွာဟု ခေါ်ဆို​သော ရှိန်းခေါင်ရွာသည် ဆောင်းရာသီတွင် ရေခဲများဖုံးလွှမ်းနေသော အလွန်သာယာအေးချမ်းသောဒေသတစ်ခုလည်း​ ဖြစ်သည်။

ပုံစာ။ ရှိန်းခေါင်ရွာ၏ ယခင်မြင်ကွင်းနှင့် မီးလောင်မှုမြင်ကွင်း (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *