October 19, 2024

၇. ၁၁. ၂၀၂၃
Written by Nay Moe

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာအနီး အခြေစိုက်တဲ့ Defender Of Motherland PDF စခန်း စီးနင်းဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်မှာ PDF တွေက ပျုရွာလို့သတ်မှတ်ထားတဲ့ တောပုရွာကို Defender Of Motherland PDF တွေနဲ့ မုံရွာခရိုင် PDF တွေက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် နိုဝင်ဘာ ၆ ရက် မနက် ၇ နာရီလောက်မှာ လခရတွေနဲ့ တောပုရွာကပြည်သူ့စစ်တွေက နယ်မြေရှင်းလင်းချိန်မှာ Defender Of Motherland PDF တွေ အပြေးဦးတာကြောင့် မသေခဲ့ပေမဲ့လည်း တစ်ဦးကျည်ထိတဲ့အပြင် ဘားတိုက်နှစ်ခု၊ ထမင်းချက်ဆောင်တစ်ဆောင်၊ ဆန်အိတ်၊ ဆီပုံး၊ ရိက္ခာကုန်ခြောက်တွေနဲ့ မိုင်းမျိုးစုံ မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

အဲဒီနယ်တကြောက ရွာအများစုဟာ PDF တွေကို အခြေစိုက် လက်ခံခွင့်ပေးထားတာကြောင့် ညောင်ဖြူပင်ရွာနဲ့ အနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းနေတာကြောင့် နှစ်ဖက်ပစ်ခတ်မှုမှာ ကြားညပ်ကျည်မမှန်လိုသူ ပြည်သူတွေ ၅၀၀၀ လောက်က စစ်ရှောင်စခန်း ၁၃ ခုမှာ ခိုလှုံနေရတယ်လို့လည်း မုံရွာ – အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *