October 19, 2024

၇. ၁၁. ၂၀၂၃
Written by Nay Aung

မြန်မာအစိုးရသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းထားသာ ထိုင်းနိုင်ငံသား ၁၆၄ ဦးကို မိခင်နိုင်ငံသို့ ပြန့်ပို့ပေးရန် ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ်ဖြစ်သူ ဆူရာချာတီ ဟတ်ပန်ကို ကတိပေးခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းတွင် ဖော်ပြထားသည်။

ထိုင်းရဲတပ်ဖွဲ့၏ ဒုတိယအကြီးအကဲဖြစ်သူ ရဲချုပ်ဟတ်ပန်သည် နိုဝင်ဘာ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီးနောက် မြန်မာအစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း ထိုင်းနိုင်ငံသား ၁၆၄ ဦးကို ပြန်ပို့ပေးမည့် ကတိရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ်ဖြစ်သူက ၎င်းသည် ရှမ်းပြည်နယ် လောက်ကိုင်မြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ထိုင်းနိုင်ငံသား ၁၆၄ ဦးကို ပြန်လွှတ်ပေးရန်အတွက် ကြိုးပမ်းမှုအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါ ထိုင်းနိုင်ငံသား ၁၆၄ ဦးသည် မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများ ကျူးလွန်နေသည့် ဂိုဏ်းများ၏အဖွဲ့ဝင်များဖြစ်ကြောင်း စွပ်စွဲခံထားရသည်ဟု သိရသည်။ ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ်က အဆိုပါထိုင်းနိုင်ငံသားများသည် မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသည့်ဂိုဏ်းများ၏ ဖြားယောင်းသွေးဆောင်ခြင်းကိုခံခဲ့ရပြီး အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသည့် လုပ်ငန်းများကို အတင်းအကြပ်ခိုင်းစေခံရသူများဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရသည်။

မြန်မာအာဏာပိုင်များသည် ဖမ်းဆီးထိန်းသိမ်းထားသော ထိုင်းနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပို့ပေးရန် သဘောတူညီခဲ့ကြောင်း၊ သို့သော်လည်း လောက်ကိုင်မြို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပြန်လည်ခေါ်ယူရန် အဆင်မပြေဖြစ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ်ဖြစ်သူက ပြောသည်။ ထို့အတွက်ကြောင့် ၎င်းသည် ထိုင်းနိုင်ငံသား ၁၆၄ ဦးကို မိခင်နိုင်ငံသို့ ပြန်ခေါ်ယူရန် မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ အရင်ခေါ်ဆောင်မည်ဖြစ်ပြီး ကူးမင်းမြို့မှ ထိုင်းနိုင်ငံသို့ ထပ်မံခေါ်ယူရန် ဆုံးဖြတ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ်ဖြစ်သူ ဆူရာချာတီ ဟတ်ပန်က ပြောသည်။

တရုတ်အစိုးရကလည်း ထိုင်းနိုင်ငံသား ၁၆၄ ဦးကို ထိုင်းနိုင်ငံသို့ပြန်ပို့ရန်အတွက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသကို ခေါ်ယူမည့်အစီအစဉ်ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပို့ရန်အတွက် မြန်မာအစိုးရနှင့်တရုတ်အစိုးရတာဝန်ရှိသူများသည် အပြီးသတ် ရက်သတ်မှတ်ရခြင်းမျိုး မရှိသေးကြောင်း သိရသည်။

Ref; thaithenation

Leave a Reply

Your email address will not be published. Required fields are marked *