၇. ၁၁. ၂၀၂၃
Written by Nay Moe
တောင်သာမြို့နယ် ဇရပ်ကြီးရွာကို PDF ၂၀ ခန့်ဝင်ရောက်လာပြီး ရွာသားတစ်ဦးကို သတင်းပေးဟုဆိုကာ ဖမ်းဆီးသွားကာ ခေါင်းဖြတ်သတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်မှာ နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီခန့်အချိန်က မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာသို့ PDF အင်အား ၂၀ ခန့်သည် လိုက်ထရပ် ၁ စီး၊ ဆိုင်ကယ် ၂ စီးတို့ဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ ဦးဇော် (ခ) ဘူးသီး(၄၆)နှစ်အား သတင်းပေး၊ ဒလန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် ဇရပ်ကြီး-ငွေသောင်ကျေးရွာသွား မြေသားလမ်းဘေး အထက(ဇရပ်ကြီး)ရှေ့တွင် ဦးဇော်(ခ)ဘူးသီး အား ဦးခေါင်းပြတ်လျက် (ဦးခေါင်းအားရှာမတွေ့) သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
PDF များ ဇရပ်ကြီးရွာတွင်းသို့ ရောက်ရှိကာ လူတစ်ဦးကိုဖမ်းဆီးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းမှုလုပ် ဆောင်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF များထံမှ လက်လုပ်ပစ္စတို၊ ကျည်အိမ်နှင့် ကျည် ၁ တောင့် သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လူတစ်ဦးကို ဖမ်းဆီးကာ ခေါင်းဖြတ်သတ်သူ PDF အင်အား ၂၀ ခန့်အား (ပ)၉၁/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။