October 20, 2024

၄ .၁၁. ၂၀၂၃

Written by Hey Mar

ထောင်က လွတ်လာတဲ့ ယောကျာ်း အိမ်ပြန်ရောက်လာချိန် မိန်းမဖြစ်သူက နောက်အိမ်ထောင်ကို အိမ်ပေါ်ခေါ်တင်ထားတာကြောင့် စကားများရန်ဖြစ်ပြီး လင်ကြီးက လင်ငယ်ကို ကတ်ကြေးနဲ့ထိုးသတ်တဲ့ ဖြစ်စဥ် ဒီနေ့ နိုဝင်ဘာ ၄ ရက် မနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

သေဆုံးသူက အသက် ၂၄ နှစ်အရွယ် ကျပန်းအလုပ်နဲ့ ဆိုက်ကားနင်းသူ ဖြစ်ပြီး စုစုပေါင်း ဒဏ်ရာ ၁၈ ချက်နဲ့ နေရာတင်သေဆုံးခဲ့တာလို့ သိရပါတယ်။

This image has an empty alt attribute; its file name is 398941896_632826619023409_8657751069054046713_n.jpg

“ရပ်ကွက်ထဲက အခြေအနေဆိုတော့လည်း သိတန်သလောက် သိပါတယ်။ ကောင်မလေးက နှစ်ယောက်ပေါင်းသလို ဖြစ်နေတာ။ ပထမယောက်ျားက ထောင်ကျနေတုန်း သူက နောက်ယောက်ျားနဲ့ နေတာပေါ့။ ထောင်ထဲက တစ်ယောက်က စောပြီးပြန်ထွက်လာတော့ ပြဿနာတွေတက်ကြတာ။ သေတဲ့ကောင်လေးက ရဲလုပ်ငန်းစဥ်တွေမှာ ကျွန်တော်တို့လည်း ကူညီကြားသိရသလောက် ဒဏ်ရာ ၁၈ ချက်လောက် ရထားတယ်။ ထိုးသွင်းဒဏ်ရာတွေ လည်ပင်းတင် ၂ ချက်ပေါ့။ သတ်တဲ့သူကိုလည်း ရဲတပ်ဖွဲ့က ညတွင်းချင်း ဖမ်းဆီး ထိန်းသိမ်းနိုင်ပါတယ်” လို့ စေတနာ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ရုပ်အလောင်း သွားရောက်သယ်ဆောင်စဥ်မှာ ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

သေဆုံးသူ လူငယ်ကို ရင်ခွဲစစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ စီစဥ်ညွှန်ကြားချက်အရ ရန်ကုန်ဆေးရုံကြီး မှုခင်းရဲတပ်ဖွဲ့ထံ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ- စေတနာလူမှုကူညီရေးအသင်း)

Leave a Reply

Your email address will not be published. Required fields are marked *