October 20, 2024

၄. ၁၁. ၂၀၂၃

Written by Nyein Kyaw

မြန်မာ-ရုရှားနှစ်နိုင်ငံ ရေတပ်နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာနှင့် ပင်လယ်ရေကြောင်းလုံခြုံရေးများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV တို့ နေပြည်တော်၌ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ တပ်မတော် (ရေ) နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်(ရေ)မှ စစ်ရေယာဉ်နှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is 396329981_632980062341398_1621153137854057717_n.jpg

ထို့ပြင် နှစ်နိုင်ငံရေတပ်နှစ်ရပ်အကြား ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ပူးပေါင်းလေ့ကျင့်ခန်းများ ဆောင်ရွက်သွာမည့် အခြေအနေများ၊ မြန်မာ့တပ်မတော်အရာရှိများ ရုရှားနိုင်ငံတွင် ပညာသင်ကြားလျက်ရှိမှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်နိုင်မှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ရုရှားရေတပ်မှ စစ်ရေယာဉ်များ ပထမအကြိမ် ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ နိုဝင်ဘာလ ၂ ရက်တွင် ရောက်ရှိခဲ့ပြီး အဆိုပါစစ်ရေယာဉ်များတွင် အရာရှိ၊ စစ်သည်စုစုပေါင်း ၈၀၀ ဦးခန့် လိုက်ပါလာခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *