October 20, 2024

၅. ၁၁. ၂၀၂၃

Written by Nay Moe

အမျိုးသားနှစ်ဦးကို နှစ်လောင်းပြိုင်သ တ်ဖြ တ် လုယက်မှုအပြင် အမျိုးသမီးတစ်ဦးကိုပါ ဖမ်းဆီးသ တ်ဖြ တ်မှုများ နိုဝင်ဘာ ၂ ရက်က ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်ါ

ဖြစ်စဥ်များမှာ နိုဝင်ဘာ ၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ကင်းဇလုတ်ကျေးရွာနေ ဦးစန်းအောင်(၆၂)နှစ်နှင့် ဦးကံဝင်း (၅၂)နှစ်တို့သည် အိမ်ဆောက်ပစ္စည်းများ ဝယ်ယူရန် ဆိုင်ကယ်နှစ်စီးဖြင့် ဇဂျမ်းကျေးရွာသို့ သွားရောက်စဉ် ကင်းဇလုတ်ကျေးရွာနှင့် နှစ်မိုင်ခန့်အကွာ အရောက်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဦးကံဝင်းစီးနင်းလာသည့်ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းနှစ်လုံးနှင့် ငွေငါးသိန်းကျပ်တို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးစန်းအောင်တွင် ယာနားထင်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဦးကံဝင်းတွင် မေးရိုး ယာဘက်အောက်ကျည် ဖောက်ဝင်ဒဏ်ရာတစ်ချက်တို့ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အလားတူ နံနက် ၈ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာနေ ဦးခင်မောင်ဝင်း(စိစစ်ဆဲ)သည် အဆိုပါကျေးရွာရှိ ၎င်း၏သားဖြစ်သူ၏ နေအိမ်ရှေ့၌ ခြံစည်းရိုး ပြုပြင်နေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) အင်အားလေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သ တ်ဖြ တ်သွားခဲ့သဖြင့် ဦးခင်မောင်ဝင်းတွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဥ်များအပြင် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ပေါက်တော ကျေးရွာနေ မလွင်လွင်မိုး(၄၀)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစု နှင့်အတူရှိနေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) အင်အားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာကာ မလွင်လွင်မိုးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပေါက်တောကျေးရွာ ၏အရှေ့ဘက်တစ်မိုင်ခန့်အကွာ ပေါက်တော-နတ်ကြီးကျေးရွာသွားလမ်းဘေးရှိ ဇရပ်အနီးအရောက် သေနတ်၊ ဓား များဖြင့် ပစ်ခတ်ထိုး ခုတ် သ တ်ဖြ တ်သွားခဲ့သဖြင့် မလွင်လွင်မိုးတွင် နဖူးနှင့် ဦးခေါင်းနောက်စေ့ ကျည်ထိမှန်ဒဏ်ရာနှစ်ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာသုံးချက်တို့ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *