October 21, 2024

၅.၁၁.၂၀၂၃

Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ်တွင် ရက်ပေါင်း ၉ ရက်အတွင်း အမျိုးသား၂ ဦး ဓားခုတ်အသတ်ခံရ​ပြီး ကျုးလွန်သူများကို နိုဝင်ဘာ ၅ရက်နေ့အထိ မမိသေး​ကြောင်း ဒေသခံများထံမှ သိရသည်။

အသတ်ခံရသူ နှစ်ဦးမှာ အသက် ၃၀ အရွယ်ခန့်နှင့် အသက် ၅၀ကျော် အရွယ် အမျိုးသားများဖြစ်ကြပြီး ဓားခုတ်ခံရသော ဒဏ်ရာများဖြင့်သေဆုံးနေခဲ့ခြင်း ဖြစ်သည်။

“သေဆုံးသူတွေက လယ်လုပ်သူတွေပါ။ သူတို့ဘာကြောင့်အသတ်ခံရတာလဲရယ်၊ အခုထိ ကျုးလွန်သူကိုလည်း မမိသေးပါဘူး” ဒေသခံတစ်ဦးက ဆိုသည်။

​ဖြစ်စဥ်မှာ နိုဝင်ဘာ ၁ ရက်နေ့က ကျိုင်းတုံမြို့နယ်၊ မိုင်းအင်း​ကျေးရွာအုပ်စု၊ နားဆိုင်ကျေးရွာ လယ်ကွင်းအနီးတွင် အသက် ၅၀ ကျော်အရွယ် ဦးကျလည်ကို ဓားခုတ်ခံထားရသော ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သေဆုံးသူ၏ ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ခဲ့သည့် တိုင်းနေနာရေးကူညီမှုအသင်းထံမှသိရသည်။

အလားတူ အောက်တိုဘာ ၂၄ ရက်နေ့က ကျိုင်းတုံမြို့နယ်၊ ဝမ်လင်ကျေးရွာ လယ်ကွင်းအနီးတွင် အသက် ၃၀ အရွယ် အမျိုးသား တစ်ဦး ဓားခုတ်ခံရ​​သော ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *