October 23, 2024

၁၇. ၁၁. ၂၀၂၂

Written by Tha Doe

ယနေ့ကျရောက်သည့် (၁၀၂) နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် SAC က အကျဥ်းသား ၅၇၇၄ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး လွတ်မြောက်လာသူများတွင် ရှောင်တာနယ်လ်၊ ဗစ်ကီဘိုးမန်း၊ တိုရူကူဘိုတာနှင့် ဝန်ကြီးဟောင်းဦးကျော်တင့်ဆွေ၊ အဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် ဒေါက်တာလဲ့လဲ့မော်တို့ ပါဝင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ပြစ်ဒဏ်ကျခံနေရသည့် နိုင်ံခြားသားများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ်ပေးလိုက်ပြီး ၎င်းတို့မှာ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သူ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်လ်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်းဖြစ်သူ ပန်းချီဆရာထိန်လင်း၊ ဂျပန် ဒါရိုက်တာ တိုရူကူဘိုတာနှင့် အမေရိကန်နိုင်ငံသားဦးကျော်ဌေးဦးတို့ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ၊ ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးသန်းဌေးတို့ကိုလည်း လွတ်ငြိမ်းပေးခဲ့ပြီး ဆင်မ၊ ဘုဏ်းသိုက်၊ ဖွေးဖွေး၊ ဟေမာန်သူသူအောင်၊ မယ်မင်းဘုံ၊ ဆုမွန်၊ နီနီခင်ဇော်၊ သဇင်ထူးမြင့်၊ သီဟဖြိုး၊ ထက်ထက်ထွန်း၊ နန်းခင်ဇေယျာတို့ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းပေးခြင်းနှင့် ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားခြင်းများမှ ဖြေလျှော့ပေးခဲ့သည်ဟု သိရသည်။

STA ၏ ဖောက်ခွဲမှုကြောင့် လူရှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သဖြင့် လက်ရှိအချိန်တွင် အင်းစိန်အကျဥ်းထောင်၏ လုံခြုံရေးတင်းကျပ်ထားပြီး ထောင်ရှေ့မျက်နှာစာတွင်လည်း ယခင်ကဲ့သို့ စောင့်ဆိုင်းသူများမရှိဘဲ မျက်နှာစာဘက်တွင်သာ စောင့်ဆိုင်းနေနေပြီး နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်အထိ လွှတ်ပေးမှူမရှိသေးချေ။

”အရင်က သေနတ်မကိုင်တဲ့ အကျဥ်းဦးစီးဝန်ထမ်းတွေပါ သေနတ်ကိုင်စောင့်နေကြတယ်။ ၁၀ နာရီလောက်ကလည်း ဓာတ်ပုံရိုက်တဲ့တစ်ယောက် ထောင်ထဲခေါ်သွားတာတွေ့လိုက်တယ်။ အခုထိလည်း မလွှတ်ပေးသေးပါဘူး” ဟု ၂၀၂၁ ခုနှစ်အတွင်း ထောင်ကျသွားသည့် PDF လူငယ်တစ်ဦးလွတ်မြောက်မှုရှိ မရှိ လာစောင့်ကြည့်သည့် မိသားစုဝင်တစ်ဦးက ပြောသည်။

လက်ရှိ အင်းစိန်ထောင်မျက်နှာစာတွင် လွတ်ငြိမ်းများ၌ မိသားစုဝင်များ သူငယ်ချင်းများ ပါမပါ လာစောင့်ကြည့်သူ ၁၀၀ ခန့်ရှိနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *