၅. ၁၁. ၂၀၂၃
Written by Nay Moe
မီးသွေးများတင်လာသည့်ဖောကားကို မီးရှို့ပြီး ဒရိုင်ဘာကို ပျုစောထီးဟုဆိုကာ သာယာဝတီ PDF က သတ်ဖြတ်လိုက်သည့်အပြင် ဖုန်းနှင့်ငွေကျပ် ၅ သိန်းကိုပါ လုယက်သိမ်းဆည်းလာသည်ဟု Bago Region PDF က ထုတ်ပြန်ထားသည်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ် စိန်ကန့်လန့် – မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း မိုင်တိုင်(၄၇)အနီးတွင် ဦးစံညိုဆိုသူ လိုက်ပါလာသော မီးသွေးများ တင်လာသည့် ဖောကားတစ်စီးကို နိုဝင်ဘာ ၃ ရက် ညနေ ၃ နာရီခန့်တွင် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က မီးရှို့ဖျက်ဆီးကာ ကားပေါ်ပါ ဦးစံညိုကို ပျူစောထီးစွပ်စွဲကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်သတ်ဖြတ်ခံရသည့် ဦးစံညိုမှာ ကျောက်တံခါးမြို့နယ်မှ မြို့ချောင်းအုပ်ကြီး ဦးထွန်းထွန်းနိုင်၏ လက်ရင်းတပည့် ဖြစ်ပြီး ၎င်းသည် လခရတပ်ဖွဲ့ဝင်များအား ပဲခူးရိုးမပေါ် သွားလာရေးအတွက် ကားဖြင့် အကြိုအပို့လုပ်ဆောင်ပေးနေပြီး ပဲခူးရိုးမအတွင်း တော်လှန် ရေးစခန်းနေရာများကို ရှာဖွေ ထောက်လှမ်းရာတွင် အားကြိုးမာန်တက် လိုက်ပါပြသသူဖြစ်သည့်အတွက် စစ်ကောင်စီထောက်တိုင်အဖြစ် သတ်မှတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုလည်း သာယာဝတီ PDF က သတ်ဖြတ်လုယက်မှုအပေါ် ဆင်ခြေပေးသည်။
ထို့ပြင် ဦးစံညိုထံမှ မိုလ်ဘိုင်းဖုန်း (၃)လုံး၊ ငွေသား ၅၅၆,၀၀၀ ကျပ်အား သိမ်းဆည်းရရှိခဲ့ပြီး လက်နက်မဲ့ဒရိုင်ဘာတစ်ဦးအား ပစ်ခတ်သတ်ဖြတ်သည့် PDF များလည်း အထိအခိုက်မရှိ ဆောင်ရွက်နိုင်ခဲ့သည်ဟု Bago Region PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။