၆. ၁၁. ၂၀၂၃
Written by Nay Moe
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မကြီးကုန်းကြီးကျေးရွာမှာ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန်က ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ခဲ့တဲ့ ဗေဒင်ဆရာတစ်ဦးကို ဒလန်လို့ သတ်မှတ်ပြီး PDF တွေက သ-တ်ဖြ-တ်လိုက်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဖြစ်စဉ်ဟာ မြို့သစ်မြို့နယ်၊ မကြီးကုန်းကြီးကျေးရွာနေ ဦးဇော်ဇော်ဆိုသူက ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဗေဒင်ဟောတဲ့အလုပ်လုပ်ကိုင်နေပြီး နိုဝင်ဘာ ၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ သူနေအိမ်ထဲရှိနေချိန် PDF လက်နက်ကိုင်တချို့က ဗေဒင်မေးချင်တယ်ပြောပြီး နေအိမ်အတွင်းသို့ဝင်လာချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဦးဇော်ဇော်ဟာ သေနတ်ထိမှန် ဒဏ်ရာတွေရရှိကာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။
ဦးဇော်ဇော်ဟာ မကြီးကုန်းကြီးကျေးရွာရဲ့ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးအဆင့်အထိ လုပ်ကိုင်ခဲ့ဖူးတာကြောင့် ဒလန်၊ သူလျှိုလို့ သတ်မှတ်ခံထားရသူဖြစ်တယ်လို့လည်း ဒေသတွင်း သတင်းတွေက ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေး စတင်ချိန်ကစပြီး ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းအထိ NLD၊ NUG နဲ့ PDF မထောက်ခံတဲ့ပြည်သူတွေ၊ သံဃာတော်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူ ကလေးသူငယ် ၆၆၀၀ ကျော်ဟာ “ဒလန်၊ သူလျှိ၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တို့ရဲ့ သ-တ်ဖြ-တ်မှုခံထားရပါတယ်။