October 19, 2024

ကောလင်းရဲစခန်းကို စီးနင်းပြီး အကျဥ်းသားများ ပြန်လွှတ်ပေးခဲ့ဟု သိရ

MT News
၆. ၁၁. ၂၀၂၃

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်ဖြင့် PDF နှင့်မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု NUG ၏ MOD စစ်ရုံးချုပ်က ယခုထုတ်ပြန်လိုက်သည်။

PDF များသည် ကောလင်းမြို့ရှိ ကောလင်းရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို အောင်မြင်စွာ တိုက်ခိုက်ပြီးနောက် အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားခဲ့ကာ ကောလင်းမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

This image has an empty alt attribute; its file name is photo_2023-11-06_12-43-33-729x1024.jpg

ထို့ပြင် ယမန်နေ့ညနေထိ လက်နက်မျိုးစုံ ၅၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်ဆင်ရေးဆိုင်ရာ အချက်အလက်များကို မကြာခင် အသေးစိတ်ဆက်လက် ထုတ်ပြန်သွားမည်ဟုလည်း ဖော်ပြထားသည်။

ထို့ပြင် PDF များ ရဲစခန်းကို သိမ်းယူပြီးနောက် ရာဇဝတ်သားများပါဝင်သော အကျဥ်းခန်းကို ဖွင့်လှစ်ကာ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့သည်ဟုလည်း Kawlin Revolution က ဖော်ပြထားသည်။

ပုံစာ။ PDF များ ကောလင်းမြို့ကို တိုက်ခိုက်သတ်ဖြတ်နေမှုနှင့် သိမ်းယူထားသော လက်နက်များမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *