October 19, 2024

၆. ၁၁. ၂၀၂၃
Written By Thandar

ဆိုင်ကလုန်း မိုခါ (Cyclone MOCHA) အလှူရှင်တွေ ဂုဏ်ပြုပွဲနဲ့ ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ The Heart of Yangon မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို ရခိုင်စည်တော်နဲ့ ဖွင့်လှစ်ခဲ့ပြီး မိုခါမုန်တိုင်းအကြောင်း ဗီဒီယိုကို ပြသပါတယ်။ We Love Rakhine ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က အဖွင့်အမှာစကားပြောခဲ့ပြီး အလှူရှင်တွေရဲ့ စာရင်းကြေညာသလို အလှူပြုလုပ်ကြတဲ့ စာရင်းတွေကို We Love Rakhine အထွေထွေ အတွင်းရေးမှူး ဦးရဲထက်နိုင်က တင်ပြပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-06_12-11-18-1024x768.jpg

ဆိုင်ကလုန်း မိုခါအတွက် လှူဒါန်းခဲ့ကြတဲ့ အလှူရှင်တွေကို ဂုဏ်ပြုလက်မှတ်ပေးအပ်တာတွေ ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ပြီး နိဂုံးချုပ် အမှာစကားကို ဒုဥက္ကဋ္ဌ ဦးကျော်သိန်းခိုင်က ပြောကြားခဲ့ပါတယ်။

“မုန်တိုင်းတိုက်ပြီး မေလ ၁၅ ရက်နေ့စတင်ပြီး We Love Rakhine က မုန်တိုင်းဒဏ်ခံရသော ပြည်သူလူထုတွေကို ကူညီပေးရေးအတွက် စတင်အလှူခံလျှက်ရှိပါတယ်။ အလှူရှင်ပေါင်း ၂၃၈ ယောက်က ငွေသား ၊ ပစ္စည်းလှူဒါန်းတဲ့ငွေသားတန်ဖိုးမှာ ၁,၂၆၄,၇၄၆,၀၀၀ ( သိန်းပေါင်း တစ်သောင်းနှစ်ထောင်ခြောက်ရာလေးဆယ်)ကောက်ခံရရှိခဲ့ပါတယ်။ ကောက်ခံရရှိခဲ့တဲ့ အလှူငွေတွေကို မုန်တိုင်းတိုက်ပြီး ၇ ရက်နေ့ကနေ စတင်ပြီး စက်တင်ဘာလကုန်ထိ ကျေးရွာပေါင်း ၁၅၂ ရွာ၊ အိမ်ထောင်စု ၁၂,၇၅၉ အိမ်၊ လူဦးရေ ၆၂,၀၀၀၊ ဆေးရုံ ၂ခု၊ ဘုန်းကြီးကျောင်း ၉ ကျောင်းတို့ကို We Love Rakhine အဖွဲ့သားတွေက ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းနိုင်ခဲ့ပါတယ်။ အခုလိုလှူဒါန်းနိုင်အောင် အဖက်ဖက်ကဝိုင်းဝန်းကူညီ လှူဒါန်း ပေးကြတဲ့ ကျွန်တော်တို့ရဲ့အလှူရှင်တစ်ဦးစီတိုင်းကို ကျွန်တော်တို့ရဲ့ We Love Rakhine အဖွဲ့သားတွေ ကိုယ်စား ကျွန်တော်ကပဲ အထူးပင် ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်” လို့ We Love Rakhine ဥက္ကဋ္ဌဦးထွန်းထွန်းနိုင်က ပြောပါတယ် ။

This image has an empty alt attribute; its file name is photo_2023-11-06_12-11-22-1024x768.jpg

အဲဒိနောက် ရခိုင်ရိုးရာဗျာလယိမ်းအဖွဲ့က ဖျော်ဖြေမှုတွေ We Love Rakhine သီချင်း Video ဖျော်ဖြေမှုတွေကိုရခိုင်တေးသံရှင်တွေဖြစ်ကြတဲ့ မြတ်ခိုင်ကျော်၊ ရတနာမိုင်၊ ဝင်းကိုခိုင်၊ ရေဗက္ကာဝင်း၊ ညီမင်းခိုင် ၊ မိချော တို့က သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *