October 19, 2024

MT News

၃. ၁၁. ၂၀၂၃

KIA နှင့် PDF အဖွဲ့ဝင် ၁၂ ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက်လာသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ယမန် နေ့ကပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ KIA နှင့် PDF အဖွဲ့ဝင် ၁၀ ဦးတို့သည် ၎င်းတို့နှင့်အတူပါလာသည့် AK-47 (၄)လက်၊ KO လက်နက်ငယ် (၂)လက်၊ AK-47 (၄၀)တွဲ (၁)လက်၊ 79 (၂) လက်၊ စနိုက်ပါ (၁)လက်နှင့် ၅.၅၆ ကျည် ၄၅၀ တောင့်၊ ၇.၆၂ စနိုက်ပါကျည် ၁၅၀ တောင့်၊ ၄၀ မမ ဗုံးသီး (၂၉)လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး (၁၆)လုံး၊ ကျည်အိမ်မျိုးစုံ ၂၇ ခုနှင့် ဆက်စပ်ပစ္စည်းများကို အပ်နှံကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် ၁၆၅ သိန်း ပေးအပ်သည်။

ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများကို ဆက်လက်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပြစ်မှုကျူးလွန်ခြင်းမရှိသော ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့မှ PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦးတို့အား အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် သင်္ကန်းညီနောင်တပ်နယ် မြဝတီခန်းမ၌ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေး ထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူ များထံသို့ လွှဲပြောင်းပေးအပ်ပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပြစ်မှုကျုးလွန်ခြင်းမရှိသော PDF များ အလင်းဝင်ရောက်ရန် ဖိတ်ခေါ်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးတွင် PDF လူငယ် ၉၀ ခန့်အပါအဝင် လူဦးရေထောင်ဂဏန်းခန့် အလင်းဝင်ရောက်လာပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *