October 19, 2024

၃. ၁၁. ၂၀၂၃

Written by Pan Ei

အီရန်နိုင်ငံမြောက်ပိုင်းက မူးယစ်ဆေးဝါး ပြန်လည် ထူထောင်ရေး စင်တာတစ်ခုမှာ ဒီနေ့(နိုဝင်ဘာ ၃ ရက်) က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၂ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံမြောက်ပိုင်း ဂီလန်ပြည်နယ်က လန်ဂရတ်မြို့လယ်က စင်တာမှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် လူပေါင်း ၃၀ ကျော် သေဆုံးကာ အခြား ၁၆ ဦး ဒဏ်ရာရခဲ့ပြီး လေးဦးမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြည်နယ်ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူး Mohammad Jalai က ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is %E1%81%89.jpg

မီးလောင်ရတဲ့ အကြောင်းရင်းကို ချက်ချင်းမသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့သလို စင်တာရဲ့မန်နေဂျာအပါအဝင် သံသယရှိသူအများအပြားကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အီရန်မှာ ခုလိုမီးလောင်မှုကြောင့် လူများစွာသေဆုံးရတဲ့ဖြစ်စဉ်တွေ အရင်ကလည်း ဖြစ်ခဲ့ဖူးပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလကလည်း Tehran မြို့က ၁၅ ထပ်အမြင့်ရှိတဲ့ Plasco ဈေးဝယ်စင်တာမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်သမား ၁၆ ဦးအပါအဝင် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။

Ref; The Guardian

Leave a Reply

Your email address will not be published. Required fields are marked *