October 19, 2024

၃. ၁၁. ၂၀၂၃

Written by Ye Kyaw

ဆန်တန်ချိန် ၅၀ နှင့် စပါးတင်း ၅၀၀၀ အထက် သိုလှောင်သည့်လုပ်ငန်းများ နိုဝင်ဘာလ ၃ ရက် (ယနေ့) မှစတင်၍ Online Registration စနစ်ဖြင့် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

“ဘယ်နေ့ နောက်ဆုံးထား သိုလှောင်ရမှာမဟုတ်ဘူး။ ဆန်တန်ချိန် ၅၀၊ စပါးတင်း ၅၀၀၀ သိုလှောင်မယ်ဆိုရင် ဒီနေ့ကစပြီး မှတ်ပုံတင်ရမယ်ဆိုပြီး ပြောတာ။ ဂိုထောင်မှာ အကျယ်အဝန်း ဘယ်လောက်ရှိပါတယ် ဒါမျိုးပေါ့။ www.myro.com.mm Website မှာ တစ်ခါတည်း မှတ်ပုံတင်လို့ရတယ်ပြောတာ။ ဘယ်နေ့ ‌နောက်ဆုံးရယ်မဟုတ်ဘူး။ ဆန်တန်ချိန် ၅၀ သိုလှောင်ထားလား။ မှတ်ပုံတင် တင်ရမယ်။ မသိုလှောင်ရင် မတင်ရဘူး” ဟု စားသုံးသူရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှု အခြေ အနေများကို စနစ်တကျ စာရင်းပြုစုမှတ်တမ်းတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ခံမှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှစတင်၍ Online Registration စနစ်ဖြင့် Myanmar Rice Online (MyRo)- www.myro.com.mm တွင် မှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ မှတ်ပုံတင်ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းအလို့ငှာ ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်သည့် သိုလှောင်ရုံများအားလုံး အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ (Photo – MRF)

Leave a Reply

Your email address will not be published. Required fields are marked *