October 19, 2024

၃. ၁၁. ၂၀၂၃

Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၉၉၀ အောက်မှာသာရှိနေပြီး ဒေါ်လာဈေးနှုန်း နည်းငယ်သာ ပြောင်းလဲမှုရှိသော်လည်း ပြည်တွင်း‌ရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၅ သိန်းသို့ ရောက်ရှိလာပြီး တစ်ပတ်အတွင်း ကျပ်ငါးသောင်းဝန်းကျင် မြင့်တက်ခဲ့သည်။

ယခုတစ်ပတ်အတွင်း ဈေးနှုန်းလှုပ်ခတ်မှုရှိခဲ့သော ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာလ ၃ ရက် (ယ‌နေ့)တွင် တစ်အောင်စကို ၁၉၈၇ ဒေါ်လာရှိပြီး ဒေါ်လာ ၁၉၉၀ အောက် ပြန်လည်တည်ငြိမ်လာခဲ့ကာ ဒေါ်လာဈေးနှုန်းမှာလည်း တစ်ဒေါ်လာကို ကျပ် ၃၂၇၀ ဖြင့် တစ်ပတ်အတွင်း တစ်ဒေါ်လာ ကျပ် ၅၀ ခန့်သာ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ သတ်မှတ်ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၁၀၅,၀၀၀ ရှိပြီး တစ်ပတ်အတွင်း ကျပ် ၅၀၀၀ လျှော့ချခဲ့သော်လည်း ပြင်ပဈေးကွက်တွင် ကျပ် ၃၅ သိန်းသို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများ ဖြစ်ပေါ်မှုအခြေအနေမှာ အောက်တိုဘာလ ၃၀ ရက်တွင် ရွှေဈေးနှုန်း ၃,၄၆၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၃၀ ကျပ်၊ အောက်တိုဘာလ ၃၁ ရက်တွင် ရွှေဈေးနှုန်း ၃,၄၆၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၄၀ ကျပ်၊ နိုဝင်ဘာလ ၁ ရက်တွင် ရွှေဈေးနှုန်း ၃,၄၈၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၆၀ ကျပ်၊ နိုဝင်ဘာလ ၂ ရက်တွင် ရွှေဈေးနှုန်း ၃,၅၀၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၇၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *