October 19, 2024

၃. ၁၁. ၂၀၂၃

Written by Nay Aung

ထိုင်းအစိုးရသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြား ပိတ်မိနေသော ထိုင်းနိုင်ငံသား ၁၆၂ ဦးကို မိခင်နိုင်ငံသို့ အမြန်ဆုံးပြန်လည်ခေါ်ယူသွားရန် ကြိုးပမ်းနေကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက မြန်မာ့တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသည့် နယ်စပ်မြို့တွင် ပိတ်မိနေသော ထိုင်းနိုင်ငံသားများ ဘေးကင်းလုံခြုံမှုများဖြစ်စေရန် ကူညီထောက်ပံ့ပေးနေသည်ဟု ဆိုသည်။ ထိုင်းဝန်ကြီးချုပ် ဆာရက်တာ သာဗီဆင်က မြန်မာနိုင်ငံ လောက်ကိုင်မြို့အပါအဝင် နယ်စပ်ဒေသတွင် ထိုင်း နိုင်ငံသား ၁၆၂ ဦး ပိတ်မိနေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ထိုင်းဝန်ကြီးချုပ်က တိုက်ပွဲများအတွင်း ပိတ်မိနေသည့်ထိုင်းနိုင်ငံသား ၁၆၂ ဦးကို ကူညီပေးနိုင်ရန်နှင့် ဘေးကင်းသည့်နေရာကို ခေါ်ယူနိုင်ရန်အတွက် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကို ညွန်ကြားထားကြောင်း သိရသည်။

This image has an empty alt attribute; its file name is %E1%81%85-1.jpg

ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Chai Wacharonke က “မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးဟာ တိုက်ပွဲတွေကြားပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ဘေးကင်းမှုဖြစ်စေဖို့၊ လိုအပ်တဲ့အရာတွေ ကူညီထောက်ပံ့ပေးထားတယ်။ထိုင်းသံရုံးဟာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို မိခင်နိုင်ငံဆီ အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်ဖို့ မြန်မာအာဏာ ပိုင်တွေနဲ့ ဆွေးနွေးနေတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သော သီတင်းပတ်က ရခိုင်လက်နက်ကိုင်အဖွဲ့ AA၊ တအာန်းလက် နက်ကိုင်အဖွဲ့ TNLA ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့က ၁၀၂၇ စစ်ဆင်ရေးဆိုကာ စတင်တိုက်ခိုက်မှုကြောင့် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့က တရုတ်နှင့် မြန်မာနိုင်ငံ နယ်စပ်မြို့အချို့ကို ထိန်း ချုပ်ထားကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည့် လောက်ကိုင်မြို့ထဲတွင် နီပေါ၊ လာအို၊ အီသီယိုပီးယားနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၅၀၀ ခန့် ပိတ်မိနေသည်။

Ref; thaipbsworld.

Leave a Reply

Your email address will not be published. Required fields are marked *