October 19, 2024

၃. ၁၁. ၂၀၂၃

Written by Min Mahar

ရွှေဘိုမြို့တွင် PDF အဖွဲ့မှ လက်လုပ်စိန်ပြောင်းဖြင့် KT ကြက်စာစက်ရုံကို ပစ်ခတ်ခဲ့ရာ ဝန်ထမ်းအမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း စက်ရုံဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၂ ရက်)ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် (၁၀)ရပ်ကွက်၊ သရက်ခြံရပ်(ဒေသအခေါ်)၊ သက္ကယ်တန်းချောင်းဘောင်အနီးရှိ KT ကြက်စာစက်ရုံဝန်းအတွင်းသို့ စက်ရုံခြံစည်းရိုးအုတ်တံတိုင်း၏ အပြင်ဘက်မှ PDF အဖွဲ့က လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သဖြင့် လက်လုပ်စိန်ပြောင်းသီး ကျရောက်ပေါက်ကွဲခဲ့ရာ အလုပ်လုပ်နေသော အသက် ၂၄ နှစ်အရွယ် စက်ရုံဝန်ထမ်းအမျိုးသားတစ်ဦးအား စိန်ပြောင်းသီးစများ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဒဏ်ရာရှိသောအမျိုးသားသည် ရွှေဘိုမြို့၊ ပြင်ဈေးရပ် (ဒေသအခေါ်)၊ အမှတ်(၁)ရပ်ကွက်နေသူဖြစ်ပြီး ၎င်းတွင် ဝဲဘက်ကျောပြင် မိုင်းစထိမှန်ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *