October 19, 2024

MT News
၃. ၁၁. ၂၀၂၃

ဆိုင်ကယ်ကယ်ရီသမားကို ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယက်သူနှစ်ဦးအား ကယ်ရီသမားက ပြန်လည် ခုခံ၍ ဓားပြတစ်ဦးသေဆုံးကာ တစ်ဦးထွက်ပြေးမှု ရွှေပေါက်ကံတွင် ယနေ့ဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် (၁၄)ရပ်ကွက်ခွဲ ဓနဿဟာရလမ်း(ချစ်သူလမ်းကြား)တွင် ယနေ့ နေ့လယ် ၂ နာရီခန့်အချိန်က ဧရာ ၁ဝ လမ်းတွင်နေထိုင်သူ အမျိုးသားမှာ ခြောက်ကွေ့မှတ်တိုင်တွင် ကယ်ရီဆွဲနေစဉ် အမည်မသိ အမျိုးသားနှစ်ဦးသည် (၁၄)ရပ်ကွက်ရှိ ချစ်သူလမ်းကြားသို့ သွားလိုသဖြင့် ကယ်ရီငှားရမ်းခဲ့ရာ ၎င်းလမ်းအရောက်တွင် ဆိုင်ကယ်ကယ်ရီငှားသူ အမျိုးသားနှစ်ဦးက ဆိုင်ကယ်လုယက်ပြီး ကယ်ရီသမားအား ဓားဖြင့်ထိုးရာဘယ်ရင်အုံနှင့် နောက်ကျောဘက် ခါးအထက်တို့တွင် (မစိုးရိမ်ရ) ဓားဒဏ်ရာများ ရရှိခဲ့သည်။

ထို့ပြင် လုယက်သူက ဆိုင်ကယ်ကယ်ရီမောင်းသူအား ဓားဖြင့်ဆက်လက်ထိုးသဖြင့် ထိုးသည့်လက်ကိုချုပ်ကိုင်ပြီး တွန်းလှဲလိုက်ရာမှ လုယက်သူက ဆိုင်ကယ်နှင့်အတူလိုက်ပါ လဲကျကာ ဓားမှာ နောက်ကျာဘက် နံရိုးကြားသို့ ထိုးဝင်သွား၍ သေဆုံးသွားသည်ဟု ဆိုင်ကယ်ကယ်ရီဆွဲသူက ကနဦး ထွက်ဆိုချက်ပေးခဲ့သည်။

ထို့နောက် အတူပါလာသော ဆိုင်ကယ်ဓားပြတိုက်သူတစ်ဦးက ထွက်ပြေး လွတ်မြောက်သွားပြီး သေဆုံးသည့်လုယက်သူ အမျိုးသား(ခန့်မှန်း အသက်၂၃ နှစ်) နှင့် ဒဏ်ရာရသူ ဆိုင်ကယ်ကယ်ရီသမား (ခန့်မှန်းအသက် ၂၅ နှစ်)အား ဒေသခံ ပရဟိတအဖွဲ့တို့မှ မေဓာဝီဆေးရုံးသို့ပို့ဆောင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသူတရားခံတစ်ဦးအား တာဝန်ရှိသူများ ပူးပေါင်းရှာဖွေနေကာ အမှုမှန်ပေါ်ပေါက်ရေး ဆက်လက် လုပ်ဆောင်နေသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *