October 19, 2024

၃ .၁၁. ၂၀၂၃

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် ၃၄ လမ်းအထက်က ပုံနှိပ်တိုက်မှာ အလုပ်လုပ်နေတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အိမ်သာဝင်စဥ် သေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခု ဒီနေ့ နိုဝင်ဘာ ၃ ရက် နေ့လယ်၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ လင်းလက် လူမှုကူညီရေးအသင်း (ရန်ကုန်)မှ တာဝန်ရှိသူထံက သိရပါတယ်။

အဆိုပါ အိမ်သာရှိတဲ့ အခန်းနဲ့ တွဲလျှက်မှာ မီးစက်လည်း ထားရှိထားပြီး မီးပျက်နေချိန်မို့ မီးစက်မောင်းနှင်ထားတဲ့အတွက် ဆီခိုးတွေနဲ့ မွန်းကြပ်တဲ့ အခြေအနေလည်းရှိနေပြီး အိမ်သာဝင်သွားသူ အမျိုးသမီးငယ်မှာ အချိန်ကြာလာတာနဲ့ အမျှ ပြန်ထွက်မလာတာကြောင့် တံခါးခေါက်ကြည့်ရာ ပြန်လည်တုံ့ပြန်မှုမရှိလို့ တံခါးဖျက်ပြီး လူနာကို အပြင်ထုတ်ကာ လူမှုကူညီရေး အသင်းတွေဆီ လုပ်ဖော်ကိုင်ဘက်တွေက အကူအညီတောင်းခဲ့တာလို့ သိရပါတယ်။

This image has an empty alt attribute; its file name is 396713742_632444742394930_280693907735531165_n.jpg

“ကျွန်မတို့ရောက်တော့ လူနာက သတိမရှိ တုံ့ပြန်မှုမရှိတော့ပါဘူး။ သေဆုံးနေတာ ကြာချိန် ၃၀ မိနစ်ရှိနေပြီလို့လည်း ခန့်မှန်းရတယ်။ ဆေးရုံကြီး ပို့ဆောင်ကူညီပေးခဲ့ပါတယ်။ သေဆုံးရတာတော့ သူက ဝတယ်။ နောက်ပြီး အိမ်သာက ဗမာအိမ်သာတွေဆိုတော့ ငုပ်တုတ်ထိုင်တဲ့ အခါ ဝတဲ့သူတွေရဲ့ ထုံးစံအတိုင်း ပေါင်နဲ့ ခြေသလုံးက နှလုံးကိုသွားတဲ့ သွေးကြောတွေကို ဖိထားပြီး ပြန်ထတဲ့အခါ ရုတ်တရက် ထတာမို့ သွေးက နှလုံးဆီ စောင့်ထိုးတက်တယ်။ အဓိက ကတော့ သွေးတိုး၊ နှလုံးလို့ ဆရာဝန်တွေကလည်း မှတ်ချက်ပြုထားပါတယ်။ ရောက်ကတည်းက သူငယ်အိမ်ကျယ်ပြီး သေဆုံးနေမှန်း နားလည်ပေမယ့် လူနာရှင်တွေ စိတ်ဖြေနိုင်အောင် စိတ်မကောင်း မဖြစ်ရအောင် CPR လုပ်ပေးပြီးမှ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တာပါ” လို့ လင်းလက် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌက MT News ကို ပြောပါတယ်။

ဓာတ်ပုံ – လင်းလက်လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *