October 20, 2024

၄. ၁၁. ၂၀၂၃
Written by Nay Moe

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာ ရဲကင်းစခန်းကနေ စျေးလာဝယ်တဲ့ ရဲတပ်သားတစ်ဦးကို ဒီနေ့ နေ့လည်ပိုင်းမှာ PDF တွေက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ကနဦးစုံစမ်းမှုအရ ရဲတပ်သားဇော်နိုင်ဝင်းဟာ ဒီနေ့လယ် ၁၂ နာရီကျော်လောက်က စျေးဝယ်ထွက်ချိန် ဝင်းကရွာထဲက ဈေးဆိုင်အရောက်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ PDF တွေက သေနတ်နဲ့ပစ်တာကြောင့် လည်ပင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာပေါင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာတံတောင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နဲ့ ဖြစ်စဥ်နေရာမှာ လဲကျသေဆုံးခဲ့တာလို့ သိရပါတယ်။

သေဆုံးသူ ရဲတပ်သား ဇော်နိုင်ဝင်းကို ပစ်ခတ်တဲ့ PDF တွေဟာ တောင်စွန်းရွာဘက်ကနေ ဝင်းကကျေးရွာဘက်ကို ဆိုင်ကယ်နှစ်စီးနဲ့ လာသူတွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး ဘယ် PDF အဖွဲ့အစည်းလဲဆိုတာတော့ မသိရသေးဘူးလို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *