October 19, 2024

၃.၁၁.၂၀၂၃.
Translated by Htwe Ko Tun

ပါကစ္စတန်နိုင်ငံ အလယ်ပိုင်း မီယန်ဝါလီခရိုင်အတွင်းရှိ ပါကစ္စတန်လေတပ်၏လေ့ကျင့်ရေးအခြေစိုက်စခန်းတစ်ခုကို နိုဝင်ဘာ ၄ ရက် နံနက်တွင် စစ်သွေးကြွခြောက်ဦးက ဝင်ရောက်တိုက်ခိုက်ရာ လေတပ်စခန်းအတွင်း မြေပြင်တွင်ရပ်နားထားသော လေယာဉ်သုံးစီးနှင့် ဆီလှောင်ကန်တစ်ခုတို့ ၎င်းတို၏ တိုက်ခိုက်မှုများအတွင်း ထိခိုက်ပျက်စီးခဲ့ကြောင်း ပါကစ္စတန်စစ်ဖက်က ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

ဝင်ရောက်တိုက်ခိုက်သည့် စစ်သွေးကြွခြောက်ဦးအနက် သုံးဦးကို စခန်းအတွင်းသို့ မဝင်ရောက်နိုင်ခင်မှာပင် အသေဖမ်းမိခဲ့ပြီး ကျန်သုံးဦးကိုလည်း ချောင်ပိတ်၍လွတ်လမ်းမရှိ အရှင်ဖမ်းမိခဲ့သည်ဟု ကြေညာချက်က ဖော်ပြခဲ့သည်။ စခန်းအတွင်းမှ တပ်ဖွဲ့ဝင်တို့၏ လျင်မြန်ထိရောက်သော တုံ့ပြန်တိုက်ခိုက်မှုကြောင့် စစ်သွေးကြွတို့၏ ဝင်ရောက်တိုက်ခိုက်မှုက ပျက်ပြားပြီး လူပုဂ္ဂိုလ်နှင့်ပစ္စည်းဥစ္စာများ လုံခြုံစိတ်ချရမှုမပျက်ပြားခဲ့ဟုလည်း ကြေညာချက်က ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ဖက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ စခန်းပတ်ဝန်းကျင်တစ်ဝိုက်ကို နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးဆောင်ရွက်နေကြောင်း သိရသည်။ ဤတိုက်ခိုက်မှုကိုအစ္စလာမ္မစ်စစ်သွေးကြွအုပ်စုဖြစ်သော တီရစ်-အီ-ဂျီဟတ် ပါကစ္စတန်(Tehreek-e-Jihad Pakistan – TJP) အဖွဲ့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်သည် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

TJP က ၂၀၂၃ ခုနှစ်မှသာ ရှေ့တန်းရောက် နာမည်ထွက်လာသောအဖွဲ့ဖြစ်ပြီး ထိုအုပ်စုအား အတော်များများက မသိကြသေးပေ။ ၎င်းက ယခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများစွာကို ပြုလုပ်လာခဲ့ရာ ဇူလိုင်လအတွင်းက နိုင်ငံ့အနောက်တောင်ဘက် ဘလူးချိစတန်ပြည်နယ်တွင် စစ်အခြေစိုက်စခန်းတစ်ခုကို TJP က ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် တပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့သည်။

Ref——bdnews24.com

Leave a Reply

Your email address will not be published. Required fields are marked *