October 19, 2024

၄-၁၁- ၂၀၂၃
Written by MMAK

ဒီတစ်ပတ်ရဲ့ စနေညမှာဆို နယူးကာဆယ်နဲ့ အာဆင်နယ်လို အကြိတ်အနယ်ကန်ကြမဲ့ပွဲကြီးတွေရှိသလို ဒေါ့မွန်နဲ့ ဘိုင်ယန်လို ဂျာမန်ဘီလူးကြီးတွေရဲ့ အကြိတ်အနယ်ပွဲတွေကိုလည်း ကြည့်ရမှာပါ။ တစ်ဖက်မှာလည်း စနေမန်ချက်စီးပွားပျက်တတ်တဲ့ အထည်ကြီးပျက်မန်ယူရဲ့ ရင်တမမပွဲစဥ်တွေနဲ့ မန်စီးတီးဘယ်နှစ်ဂိုးသွင်းမလဲ တွေးရမဲ့ ပွဲစဥ်တွေပါနေတာမို့ ဖြစ်နိုင်တဲ့မျှခြေတွေ တွက်ဆ ဘယ်အသင်းက ပျော်ရွှင်မှုရမလဲဆိုတာ သုံးသပ်ခန့်မှန်းလိုက်ပါတယ်။

ဖူဟမ် Vs မန်ယူ

မားကို့စ်ဆေးဗားရဲ့ ဖူဟမ်အသင်း ​ခြေစွမ်းက မှန်းဆရ ခက်ခဲတဲ့အထဲပါပေမဲ အိမ်ကွင်းခြေစွမ်းကောင်းသလို ဂိုးသွင်းနိုင်စွမ်းလည်း ရှိပါတယ်။ မန်ယူအသင်းကတော့ စိတ်ဓာတ်ရော ခြေစွမ်းရော ကျဆင်းနေချိန်ပါ။ မန်ယူအသင်း ထပ်မှားခဲ့ရင် နည်းပြတန်ဟတ်ကို ထုတ်ပယ်ဖို့ အထိ ဖြစ်လာနိုင်တဲ့အခြေအနေပါ။ အဝေးကွင်းမှာ မန်ယူ အနိုင်ယူဖို့ကြိုးစားလာမှာဖြစ်ပေမဲ့ ယုံလို့ မရသေးတဲ့ အခြေအနေကြောင့် နှစ်သင်း​ပေါင်းသွင်းဂိုးတွေကိုပဲ မျှော်လင့်ချင်ပါတယ်။ ဒါကြောင့် တစ်ဖက်တစ်ဂိုးစီပေးထားပြီး ဂိုးပေါ် တစ်ကြောင်းတည်းကိုဘဲ ရွေးချယ်ထားပါ။

ဘရန့်ဖို့ Vs ဝက်စ်ဟမ်း

နှစ်ပွဲဆက် အနိုင်ပြန်ရခဲ့တဲ့ ဘရန့်ဖို့အသင်း အိမ်ကွင်းခြေစွမ်းကောင်းသလို အိမ်ကွင်းပွဲတိုင်း ဂိုးသွင်းထားနိုင်ပါတယ်။ ဝက်စ်ဟမ်းအသင်း အဝေးကွင်း ညံ့သလို အာဆင်နယ်ကို အနိုင်ယူထားတဲ့ အရှိန်ကြောင့် ဝက်စ်ဟမ်းအသင်းကို လူကြိုက်များနေမှာပါ။ ဘရန့်ဖို့အသင်းက နောက်နှစ်ပွဲ လီဗာပူးနဲ့ အာဆင်နယ် အသင်းဖြစ်တာကြောင့် အမှတ်လျော့ဖို့ရှိပါတယ်။ ဒါကြောင့် အခုအိမ်ကွင်းပွဲ သုံးမှတ်အပြည့်ယူဖို့ ကြိုးစားလာမှာပါ။ အိမ်ရှင်ဘရန့်ဖို့ရဲ့ သုံးပွဲဆက်နိုင်ပွဲကို မြင်ရဖို့ရှိပါတယ်။ အိမ်ရှင်ဘရန့်ဖို့ကိုဘဲ ရွေးချယ်စေချင်ပါတယ်။

ဘန်လေ Vs ပဲလေ့စ်

ဘန်လေနည်းပြ ကွန်ပနီ ပရီမီးယားလိဂ်မှာ ကစားသမားကောင်း ဖြစ်ခဲ့ပေမဲ့ နည်းပြနေရာမှာတော့ အတွေ့အကြုံတွေ လိုအပ်နေသေးပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ယူတတ်တာကလွဲရင် ဂိုးမသွင်းတတ်သလို ခံစစ်ကလည်း စိတ်မချရပြန်ပါဘူး။ ဘန်လေအသင်းတိုက်စစ်ထက် ပဲလေ့စ်အသင်းရဲ့ မြန်ဆန်တဲ့ တန်ပြန်တိုက်စစ်က ပိုပြီး ဂိုးတွေ မြင်ရဖို့ရှိပါတယ်။ နည်းပြအတွေ့အကြုံလည်းရင့်တဲ့ နည်းပြကြီး ရွိုင်းဟော့ဆန်ရဲ့ ပဲလေ့စ်အသင်း အနိုင်ရသွားမယ်လို့ ယူဆတာကြောင့် ကြေးပါးပါးလေးရင်းပြီး အဝေးကွင်း ခရစ်စတယ်ပဲလေ့စ်ကို နေစေချင်ပါတယ်။

အဲဗာတန် Vs ဘရိုက်တန်

အဲဗာတန်အသင်း ခြေစွမ်းကောင်းနေသလို တိုက်စစ်ကလည်း ဂိုးတွေ သွင်းယူနိုင်တာကို တွေ့ရပါတယ်။
ဘရိုက်တန်အသင်း ဥရောပပွဲတွေ ကန်နေရတာကြောင့် အရင်က ခြေစွမ်းထက် နည်းနည်းကျနေသလို ဖြစ်နေပါတယ်။ အဝေးကွင်း ဘရိုက်တန်အသင်း ကြေးပါးပါးလေး ပေးထားပေမဲ့ ဂိုးပေါင်းကြေး မြင့်နေတာကြောင့် နှစ်ဖက်သွင်းဂိုးတွေ များမယ်လို့ ဘွတ်ကီတွေ ယူဆထားပါတယ်။ တစ်ဖက်တစ်ဂိုးစီ မြင်ရဖို့ရှိပြီး ဘွတ်ကီ ဖော်လို အတိုင်း ဂိုးပေါင်းအပေါ် တစ်ခုတည်းကိုပဲ ရွေးချယ်ထားပါ။

မန်စီးတီး Vs ဘုန်းမောက်

ဒီပွဲပြီးရင် ချဲဆီးလ်၊ လီဗာပူး၊ စပါးတို့နဲ့ ပွဲကျပ်တွေ ကန်ရတော့မဲ့ မန်စီးတီးဟာ ဘုန်းမောက်အသင်းအပေါ် သုံးလုံးသွင်းမှ ကြေးအောင်မဲ့ ပေါက်ကြေးပြင်းပြင်း ပေးထားပါတယ်။ ဘုန်းမောက် အသင်းအနေနဲ့ မန်စီးတီးကွင်းမှာ အရှုံးနဲ့ရင်ဆိုင်ရမှာသေချာသလို ဂိုးပြတ်မရှုံးဖို့သာ ကြိုးစားရုံရှိပါတယ်။ မန်စီးတီးနိုင်မယ် ဂိုးပြတ်သွင်းမလား မသွင်းဘူးလား အခြေအနေပါ။ မန်စီးတီး တကယ်ကန်ရင် သုံးဂိုးကတော့ ပြတ်ပါတယ်။ ပွဲကျပ်တွေကန်ရတော့မဲ့ မန်စီးတီးအသင်း ကြေးအောင်မဲ့ပွဲလို့ ယူဆတာကြောင့် အိမ်ရှင်မန်စီးတီး အသင်းကိုပဲ ရွေးချယ်ထားချင်ပါတယ် ။

ရှက်ဖီး Vs ဝုဗ်

နိုင်ပွဲလုံးဝမရသေးဘဲ သ​ရေပွဲတစ်ပွဲနဲ့ ရှုံးပွဲ ကိုးပွဲရှိထားတဲ့ တန်းတက် ရှက်ဖီးအသင်း တစ်မှတ်သာ ရထားပြီး တန်းပြန်ဆင်းဖို့ပဲ ရှိပါတယ်။ ခံစစ်အားသန်တဲ့ ဝုဗ်အသင်း နည်းပြဂယ်ရီအိုနေးရဲ့ လက်ထဲမှာတော့ တိုက်စစ်ကစားပုံ ပိုကောင်းလာသလို ကစားသမားတွေနဲ့ အံ့ဝင်တာကို တွေ့ရပါတယ်။ အဝေးကွင်းဖြစ်နေပေမဲ့ အထက်ကြေးပေးထားသလို လူအင်အားရော ကစားပုံရော သာတဲ့ ဝုဗ်အသင်း နိုင်ပွဲရယူသွားမယ်လို့ ထင်ပါတယ်။ အဝေးကွင်း ဝုဗ်အသင်းကိုပဲ ရွေးချယ်ထားပါ။

နယူးကာဆယ် Vs အာဆင်နယ်

စနေညရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံး Big Match ပွဲပါ။ အိမ်ကွင်း ခြေစွမ်းကောင်းလွန်းတဲ့ နယူးကာဆယ်ကို နည်းပြအာတီတာ ဘယ်လိုရင်ဆိုင်မလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဝေးကွင်းမှာ အာဆင်နယ်အသင်း ကြေးပါးပါးလေး ပေးထားသလို ဂိုးပေါင်းကြေးကလည်း သုံးဂိုးသွင်းတာနဲ့ အပြည့်ရပါမယ်။ ဘွတ်ကီတွေ မာယာ မသုံးဘဲ ကြိုက်တဲ့ကြေးနေ ဖွင့်ထားတဲ့ သဘောပါ။ အဝေးကွင်းဖြစ်နေတဲ့ အာဆင်နယ်အသင်း အိမ်ကွင်းကောင်းတဲ့ နယူးကာဆယ်ကို အများဆုံးသရေသာ မျှော်လင့်နိုင်ပြီး ရှုံးရင်တောင် ရှုံးသွားနိုင်ပါတယ်။ သရေကျရင်တောင် ကြေးစားရမဲ့ အိမ်ရှင် နယူးကာဆယ်အသင်းကို ရွေးချယ်ထားစေချင်ပါတယ်။

ဒေါ့မွန် Vs ဘိုင်ယန်

ဂျာမာန်အင်အားကြီး ကလပ်နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံပွဲပါ။ ပြိုင်ဆိုင်မှုပြင်းထန်လို့ ဂျာမာန် ကလက်စီကိုလို့တောင် ခေါ်ကြပါတယ်။ ဒေါ့မွန်အသင်း ကစားပုံကောင်းပေမဲ့ ဘိုင်ယန်လောက် မကောင်းသလို ကစားသမား အင်အားနဲ့ အရည်အသွေးလည်း ဘိုင်ယန်ကပိုသာပါတယ်။ ပြီးခဲ့တဲ့ ဖလားပွဲမှာ အောက်တန်း အသင်းငယ်လေးကို မထင်မှတ်ဘဲ ရှုံးခဲ့တဲ့ ဘိုင်ယန်အသင်းဟာ လှောင်ပြောင်ခံနေရပါတယ်။ အသက်ကြီးနေပြီဖြစ်တဲ့ ဒေါက်တိုင်ကစားသမား မာကိုရူးစ်ကို ခုထိ အားကိုးနေရတဲ့ ဒေါ့မွန်အသင်း အိမ်ကွင်းဆိုပေမဲ့ အနိုင်ယူဖို့ရာ လွယ်မယ်မထင်ပါဘူး။ အသင်းငယ်လေးကို ရှုံးပြီး ဂျာမာန်ပိုကယ်ဖလား ထွက်ခဲ့ရတဲ့ ဘိုင်ယန်အသင်း သူတို့အရည်အသွေး အဆင့်အတန်းဘာလဲဆိုတာ သက်သေပြမဲ့ ပွဲမှာ အဝေးကွင်း ဘိုင်ယန်ကိုပဲ ရွေးချယ်ထားချင်ပါတယ် ။

အကျိုးအမြတ်ရစေဖို့ သေသေချာချာ လေ့လာခန့်မှန်းထားတဲ့ ပွဲစဥ်များ ဖြစ်ပါတယ်။ အကျိုးရှိသလို အသုံးချ၊ အားလုံးအပေါင်းပြ၊ အနိုင်ရကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *