October 19, 2024

၃ .၁၁ .၂၀၂၃

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဆိပ်ကမ်းရှိ အပျော်စီးသင်္ဘောပေါ်မှာ မီးလိုင်းတပ်ဆင်ပြုပြင်ရင်း လုပ်ငန်းခွင်အတွင်း ဓာတ်လိုက်ကာမတော်တဆဖြစ်တဲ့ မီးပြင်သမားတစ်ဦး ဆေးရုံအရောက် သေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကျွမ်းကျင်လက်မှတ်ရ မီးတပ်ဆင်ပြုပြင်သူတော့ မဟုတ်ဘဲ တတ်သိနားလည်ပြီး လုပ်ကိုင်နေသူတစ်ဦးလို့ သေဆုံးသူနဲ့ သိကျွမ်းတဲ့ အနီးအနားကသူတချို့က ဆိုပါတယ်။

This image has an empty alt attribute; its file name is 397996539_632454222393982_4837435439732723833_n.jpg

“ဆိပ်ကမ်းမှာ ဓာတ်လိုက်ပြီး သတိလစ်သွားလို့ဆိုပြီး ဖုန်းဆက်အကြောင်းကြားလာတော့ မရောက်ခင် လူနာ တစ်ခုခု မဖြစ်အောင် ဘေးတစောင်းထားပေးဖို့ သူ့ဘေးက လူတွေကို အကြောင်းကြား ပြုစုခိုင်းရတယ်။ ဆေးရုံအမြန်ပို့ပေမယ့် ဆေးရုံအရောက် လူနာက ဆုံးပါတယ်” လို့ လင်းလက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။

အဆိုပါ ဓာတ်လိုက်သေဆုံးသူလူနာကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံက PR 049 နဲ့ လက်ခံထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *